ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတဲ့ သံပရိုပြုတ်ရည်

25-10-2021yyl01.jpg

လန်းဆန်းသွားစေတဲ့ သံပုရာရည်၊ သံပရိုရည်တွေကို ကမ္ဘာ့တစ်ဝှမ်းက လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် သောက်သုံးဖြစ်ကြပါတယ်။ သံပရာရည်၊ သံပရိုရည်က အရသာကောင်းပြီး ရေဓာတ်ဖြည့်ပေးရုံသာမက သင့်ရဲ့ကျန်းမာရေးကိုလည်း အကျိုးပြုနေတာပါ။ ကျန်းမာရေးအတွက် သံပရို၊သံပရာရည်သောက်သုံးတာဟာ ဟိုအရင်ဆယ်စုနှစ်များစွာကတည်းကဖြစ်ပါတယ်။

လန်းဆန်းစေသော သံပုရာသီးရေသည် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းအစားဆုံးဖျော်ရည်များထဲမှ တစ်ခုဖြစ်သည်။ အရသာရှိပြီး ရေဓာတ်ပေးရုံသာမက သင့်ကျန်းမာရေးအတွက်ပါ အကျိုးပြုပါတယ်။ အခု ဒီဆောင်းပါးမှာ သံပရို၊သံပရာပြုတ်ရည်ရဲ့အကျိုးကျေးဇူးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။

အရင်ဆုံး သံပရိုရည်၊ သံပုရာရည်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို ပြောပြပါမယ်။ သံပုရာသီး၊ သံပရိုသီးက ဗီတာမင်စီဓာတ်ကြွယ်ဝပြီး သံပရိုသီး၊ သံပုရာသီးတစ်လုံးရဲ့အရည်က လူတစ်ယောက်ရဲ့နေ့စဉ်တန်ဖိုး (dv) ရဲ့ ၂၁ ရာခိုင်နှုန်းဝန်းကျင်ကို ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် ရောဂါတွေကို တိုက်ဖျက်ပေးတဲ့ ဂုဏ်သတ္တိပါဝင်တဲ့ flavonoids ဓာတ်လည်း ကြွယ်ဝပါတယ်။

အဆီဓာတ်၊ ကာဗွန်ဟိုက်ဒရိုတ်၊ သကြားဓာတ်တွေ နည်းပါးပြီး ပိုတတ်စီယမ်၊ ဖော်လစ်၊ ဗီတာမင်ဘီအပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။ သံပရာရည်တစ်ခွက်ချင်းစီရဲ့အာဟာရတန်ဖိုးက သံပုရည်အရည်ညှစ်ရတဲ့ပမာဏနဲ့ ရောထည့်တဲ့အခြားပါဝင်ပစ္စည်းတွေပေါ်မူတည်ပြီး ကွာခြားပါတယ်။

အစားအသောက်လမ်းညွှန်ချက်တွေအရ အသက် ၁၉ နှစ်ထက် ကြီးတဲ့အမျိုးသမီးတွေက တစ်နေ့ကို ဗီတာမင်စီ ၇၅ မီလီဂရမ်သောက်သုံးပေးရပြီး အသက် ၁၉ နှစ်ထက်ကြီးတဲ့ အမျိုးသားတွေကတော့ တစ်နေ့ကို ၉၀ မီလီဂရမ်သောက်သုံးပေးရပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေကတော့ မသောက်တဲ့သူတွေထက်ပိုပြီး ဗီတာမင်စီပိုလိုအပ်ပါတယ်။

သံပုရာပြုတ်ရည်၊ သံပရိုပြုတ်ရည်ကတော့ အပူပေးလိုက်တာနဲ့ အာဟာရဓာတ်ပါဝင်မှု ပြောင်းလဲသွားလာဆိုတာကို သိရဖို့အတွက်ကတော့ တိကျသေချာတဲ့လေ့လာချက်မရှိသေးပါဘူး။ ပြုတ်လိုက်တာက အရည်မှာပါဝင်တဲ့အာဟာရပမာဏကို လျော့နည်းသွားစေနိုင်ပေမဲ့ သံပရိုပြုတ်ရည်၊ သံပုရာပြုတ်ရည်သောက်သုံးပေးတာက ကျန်းမာရေးအတွက် အတော်လေးအကျိုးကျေးဇူးရနိုင်တယ်လို့ လေ့လာချက်တချို့ကဆိုထားပါတယ်။

သံပရိုပြုတ်ရည်၊ သံပုရာပြုတ်ရည်က ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

အရေပြားပြဿနာကို ကောင်းမွန်စေတယ်

ဗီတာမင်စီကြွယ်တဲ့ သံပရိုရည်၊ သံပုရာရည်က free radicals ကြောင့် အရေပြားပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ အိုမင်းရင့်ရော်တာ၊ အရေးအကြောင်းဖြစ်တဲ့လက္ခဏာရပ်ကို လျော့ချပေးပြီး ဝက်ခြံပေါက်တာကိုလည်း သက်သာသွားစေနိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှုကလည်း ထိခိုက်ဒဏ်ရာတွေကို မြန်မြန်သက်သာစေနိုင်ပြီး အမာရွက်ဖြစ်တာ သက်သာအောင် ကူညီပေးပါတယ်။သံပရိုပြုတ်ရည်ကို နေ့တိုင်းသောက်သုံးပေးတာက အသားရေကို ကြည်လင်ဝင်းပလာစေနိုင်ပါတယ်။

သွေးဖိအားလျော့နည်းစေတယ်

သံပရိုပြုတ်ရည်၊ သံပရာပြုတ်ရည်က သွေးဖိအားလျော့နည်းစေတဲ့နေရာမှာ ထိရောက်စေတဲ့ သတ္တုဓာတ်များစွာပါဝင်ပါတယ်။ ကယ်စီယမ်နဲ့ ပိုတတ်စီယမ် နှစ်မျိုးစလုံးက သွေးတိုးရောဂါရှိတဲ့သူတွေရဲ့သွေးဖိအားကို နည်းစေပါတယ်။ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတယ်

ဗီတာမင်စီက ကိုယ်ခံအားတိုးစေတဲ့ဂုဏ်သတ္တိရှိပါတယ်။ သံပရိုပြုတ်ရည်၊ သံပရာပြုတ်ရည်ကို နေ့တိုင်းသောက်သုံးပေးတာကလည်း ကိုယ်ခံအားကောင်းပြီး ဖျားနာခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့က သင် ကျန်းမာရေးအတွက် လုပ်ပေးရမယ့် အရိုးရှင်းဆုံးအရာပါပဲ။

အစာခြေစနစ်အားကောင်းစေတယ်

ဝမ်းချုပ်ခြင်း၊ လေအောင့်ခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းပြဿနာတွေကို မကြာခဏခံစားနေရတဲ့သူဆိုရင် အစာစားပြီး သံပုရာပြုတ်ရည်တစ်ခွက်သောက်ပေးတာက ဒီပြဿနာတွေအားလုံးကို ဖယ်ရှားနိုင်အောင် ကူညီပေးပါတယ်။ ဝိတ်ကျချင်တဲ့သူတွေအတွက် သံပုရာရည်ပူပူလေးသောက်တာက ဇီဝဖြစ်စဉ်အားကောင်းစေပြီး အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။

သံပုရာပြုတ်ရည်ပြင်ဆင်နည်း (၂) မျိုးရှိပါတယ်။

ပထမနည်းကတော့ သံပုရာသီး (သို့) သံပရိုသီး တစ်လုံးကို ယူပြီး အရည်ညှစ်ပါ။ ပြီးရင် ပွက်ပွက်ဆူနေတဲ့ရေနွေးတစ်ခွက်ထဲကို ညှစ်ထားတဲ့အရည်တွေထည့်လိုက်ပါ။ မသောက်ခင် ရေနွေးအေးသွားတဲ့အထိ ထားပါ။

ဒုတိယနည်းက သံပုရာသီး (သို့) သံပရိုသီးတစ်လုံးကို အချပ်လိုက်လေးတွေဖြစ်အောင် လှီးလိုက်ပါ။ အဲဒါတွေကို ပွက်ပွက်ဆူနေတဲ့ရေနွေးတစ်ခွက်ထဲ ထည့်လိုက်ပြီး အအေးခံပြီးမှ သောက်သုံးပေးရမှာဖြစ်ပါတယ်။ တစ်နေ့ကို သံပရိုပြုတ်ရည်/ သံပုရာပြုတ်ရည် (၁) ခွက် (သို့) (၂) ခွက်သောက်သုံးပေးနိုင်ပါတယ်။ အလွန်အကျွံမသောက်သုံးဖို့တော့ အရေးကြီးပါတယ်။

Ref: Boiled lemon water: Benefits of drinking it and ways to make it

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top