မင်းကွန်းကို ရောက်ခဲ့မယ်ဆိုရင်

37546720_301254307285205_6682690455097835520_n.jpg

သင်က ခရီးသွားတာကို ကြိုက်နှစ်သက်တတ်တဲ့သူတစ်ယောက် ဆိုရင်တော့ မင်းကွန်းရွာဆီကိုလဲ ဘုရားဖူးသွားသင့်ပါတယ်။ မင်းကွန်းရွာဟာ မြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ရွာလေးဖြစ်တဲ့အတွက် မြို့မှာနေရတာမွန်းကျပ်တဲ့သူတွေအတွက် စိတ်ထွက်ပေါက်နေရာလေးတစ်ခု ဖြစ်စေမှာပါ။

ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိတဲ့ မင်းကွန်းဟာ လှပပြီး လွမ်းမောဖွယ်ရာရှုခင်းတွေနဲ့ ပြည့်စုံနေတဲ့ သီးသန့်နေရာလေးလို ဖြစ်နေလို့ စစ်ကိုင်းတိုင်းရဲ့ မြို့ငယ်လေးတစ်မြို့လို့လည်း ခေါ်ကြပါတယ်။ လှေနဲ့ သွားရင် တစ်နာရီလောက်နဲ့ ရောက်နိုင်ပါတယ်။ ဒီရွာလေးမှာ လည်ပတ်ဖို့ အကောင်းဆုံး ဘုရားပုထိုးတွေကို ပြောပြပေးချင်ပါတယ်။

မင်းကွန်းပုထိုးတော်ကြီး

ပထမဆုံး သွားရောက်လည်ပတ်ဖို့ ညွှန်ပြချင်တာကတော့ မင်းကွန်းပုထိုးတော်ကြီးဖြစ်ပါတယ်။ ဒီပုထိုးတော်ကြီးဟာ ဘိုးတော်ဘုရားလက်ထက် ၁၈ ရာစုအဆုံးမှာ တည်ဆောက်လို့ မပြီးဆုံးသေးတဲ့ဘုရား ဖြစ်ပါတယ်။ ဘိုးတော်ဘုရား ကံကုန်တဲ့အချိန်မှာ ပုထိုးတော်ကြီးဟာ အောက်ခြေအပိုင်းသာ ပြီးစီးပါသေးတယ်။ ဘုရားဖူးသူတွေဟာ ဧရာဝတီမြစ်နဲ့ မင်းကွန်းတောင်တို့ရဲ့အလှကို ခံစားနိုင်ဖို့ အပေါ်ဆုံးအထိ လှေကားကနေ တက်ရောက်နိုင်ပါတယ်။ ဒါပေမဲ့ သတိပေးချက်တွေကို လျစ်လျူမရှုဘဲ ဂရုတစိုက် တက်သင့်ပါတယ်။ လှေကားတွေဟာ အရမ်းမတ်စောက်ပြီး ငလျင်ဒဏ်တွေကြောင့် မတည်မငြိမ် ဖြစ်နိုင်လို့ပါ။ မင်းကွန်းပုထိုးတော်ကြီး ပြီးစီးသွားရင် ဘယ်လိုဖြစ်မလဲ သိချင်ရင်တော့ ပုံတော်ဘုရားကို ကြည့်ရှုနိုင်ပါတယ်။

မင်းကွန်းခေါင်းလောင်း

ဘုရင် ဘိုးတော်ဘုရားမှာ မင်းကွန်းခေါင်းလောင်းကြီး လည်းရှိပါတယ်။ မင်းကွန်းခေါင်းလောင်းကြီးရဲ့ အလေးချိန်ဟာ တန်ချိန် ၉၀ သို့ ၅၅,၅၅၅ ပိဿာ အလေးချိန်ရှိပါတယ်။ ခေါင်းလောင်းရဲ့ အလေးချိန်ကို ခေါင်းလောင်းရဲ့ မျက်နှာပြင်ပေါ်မှာ အဖြူရောင်စာနဲ့ ရေးထားပါတယ်။ သင့်အနေနဲ့ ခေါင်းလောင်းထိုးနိုင်ပြီး ကမ္ဘာမှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ ခေါင်းလောင်းကြီးနဲ့အတူ ဓာတ်ပုံလည်း ရိုက်နိုင်ပါတယ်။

ဆင်ဖြူမယ်ဘုရား

မင်းကွန်းပုထိုးတော်ကြီးမှ မီတာအနည်းငယ်ဝေးတဲ့ နေရာမှာ မြသိန်းတန်စေတီလို့လည်း ခေါ်ကြတဲ့ ဆင်ဖြူမယ်ဘုရားကလည်း ရင်သပ်ရှုမောဖွယ်ရာကောင်းလောက်အောင် တည်ရှိနေပါတယ်။ ၁၈၁၆ ခုနှစ်၊ ဘုရင်ဘိုးတော်ဘုရားရဲ့မြေးဖြစ်တဲ့ ဘကြီးတော်လက်ထက်မှာ ဆောက်လုပ်ခဲ့ပါတယ်။ ဘကြီးတော်ရဲ့ ပထမမိဖုရား ဆင်ဖြူမယ်ကို လွမ်းဆွတ်သတိရတဲ့အတွက် စေတီတည်ထားခဲ့တာ ဖြစ်ပါတယ်။ မြင့်မိုရ်တောင်ကို တောင်ခုနှစ်လုံး ဝန်းရံထားသလို ပုံစံ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရဲ့အလှကို ခံစားဖို့အတွက် ဘုရားထိပ်အထိလည်း တက်ရောက်နိုင်ပါတယ်။ မင်းကွန်းရွာလေးကနေ မြစ်ရဲ့အလှကို ခံစားရင်း အစားအစာတွေကို သုံးဆောင်နိုင်ပါတယ်။

Ref: www.myanmarprivateholidays.com “Things to see and do in Mingun”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top