ဂျပန် မှာအပူလှိုင်း ဖြတ်သန်းပြီး လူပေါင်း ၃၀ ကျော်သေဆုံး

japan-heatwave9.jpg

ဂျပန်နိုင်ငံအတွင်း အပူလှိုင်းဖြတ်သန်းမှု ဆက်လက်ဖြစ်ပေါ်နေတာကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့ပြီး လူထောင်ချီပြီး ကျန်းမာရေးထိခိုက်မှုရှိနေတယ်လို့ သိရပါတယ်။ အခု သီတင်းပတ်အတွင်းမှာ ဂျပန်နိုင်ငံ အလယ်ပိုင်းဒေသမှာ အပူချိန် 40 ဒီဂရီ စင်တီဂရိတ်အထိ ရှိခဲ့ပြီး ဂျပန် အာဏာပိုင်တွေက ရာသီဥတုနဲ့ ပတ်သက်တဲ့ သတိပေးမှုတွေ လုပ်ခဲ့ရပါတယ်။

တိုကျိုမြို့မှာ အပူချိန် မြင့်တက်နေမှုကြောင့် လူပေါင်း ၃ ထောင်ကျော်ကို အရေးပေါ် ကယ်ဆယ်မှုလုပ်ခဲ့ပြီး မြို့အတွင်း တစ်ရက်တည်း အရေးပေါ် ကယ်ဆယ်ရမှု စံချိန်တင်ခဲ့ရတဲ့အပြင် လူပေါင်း ၃၀၀ ကျော်ကို ဆေးရုံတင်ပို့ခဲ့ရပါတယ်။ ဂျပန် နိုင်ငံအတွင်း စာသင်ကျောင်းတွေမှာလည်း ကျောင်းသားတွေကို လေသင်တုန်းဖြတ်မှုမှ ကာကွယ်ဖို့ ကြိုးပမ်းနေရပြီး ကျောင်းသားတွေကို ရေပိုမိုသောက်ဖို့ သတိပေးထားရတယ်လို့ ယူမက်ဆူဘို မူလတန်းကျောင်းမှ တာကာရှီ ယူဘူရှီတာ ကပြောပါတယ်။

ဂျပန်နိုင်ငံက စာသင်ကျောင်းအချို့မှာ ကျောင်းသားတွေကို ပန်းခြံတွေဆီ ခေါ်ဆောင်သွားခဲ့တယ်လို့သိရပြီး အပူလှိုင်း ဖြတ်သန်းမှုကြောင့် လူပေါင်း ၄၇၀၀ ကျော်ကို အန္တရာယ်ရှိတဲ့နေရာမှ ကယ်ထုတ်တာတွေ လုပ်ခဲ့ရပါတယ်။ အပူလိုင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ အတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ ကိုဂျီ ကူနီတိုမီက အပူလိုင်းဟာ ဒေသအတွင်းမှာဖြတ်သန်းနေလို့ ခက်ခဲတဲ့ အခြေအနေတွေကြားကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရတယ်လို့ ပြောပြခဲ့ပါတယ်။

Ref: Independent Japan heatwave: Death toll rises to 30 as nation gripped by an intense 40C heat

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top