တရုတ်ဒရာမာမှာ ပထမဆုံးအနေနဲ့ အသုံးပြုထားတဲ့ AI မင်းသမီး

27.9.23-yyl-1.jpg

တရုတ်ဒရာမာ I Am Nobody ဟာ မှတ်ဉာဏ်တုနည်းပညာ (AI) နဲ့ ဖန်တီးထားတဲ့ မင်းသမီးကို အသုံးပြုသွားမှာဖြစ်တာကြောင့် လူစိတ်ဝင်စားမှုများနေပါတယ်။ The Outcast ဆိုတဲ့ Web Manga ကို အခြေခံထားတဲ့ ဒီဒရာမာက တကယ်သရုပ်ဆောင်တွေနဲ့အတူ AI မင်းသမီးပါဝင်မယ့် တရုတ်နိုင်ငံရဲ့ ပထမဇာတ်လမ်းတွဲဖြစ်ပါတယ်။

လီလီလို့အမည်ရတဲ့ AI မင်းသမီးက မတော်တဆမှုတစ်ခုမှာ ခန္ဓာကိုယ်အောက်ပိုင်းဆုံးရှုံးသွားပြီးနောက် အခြားသူတွေကို ဦးနှောက်လှိုင်းကတဆင့် ဆက်သွယ်ပေးတဲ့ “အာရွမ်”ဆိုတဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အာရွမ်ကို ဖန်တီးဖို့ CGI ကို အသုံးပြုမယ့်အစား ထုတ်လုပ်သူတွေက လူသားတွေနဲ့ပိုတူတဲ့ ဇာတ်ကောင်ကို ပေးစွမ်းချင်တာကြောင့် လီလီဆိုတဲ့ AI ကို အသုံးပြုဖို့ ရွေးချယ်ခဲ့တာပါ။

လီလီက တရုတ်မင်းသမီး အန်ဂျလာဘေဘီနဲ့ ရုပ်တူတဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ လူပြောများနေပါတယ်။ “တကယ်လူကျနေတာပဲ”၊ “ကြက်သီးတောင်ထတယ်”၊ “သူ့ရဲ့မျက်တောင်အထူကြီးနဲ့ မျက်နှာအနေအထားက အန်ဂျလာဘေဘီလို့ထင်စေတယ်”လို့ လူမှုကွန်ယက်အသုံးပြုသူတွေက သုံးသပ်ချက်ပေးကြပါတယ်။

ဒရာမာမှာ လီလီပါဝင်မှုက အနာဂတ်ဒရာမာတွေမှာ AI တွေက တကယ့်သရုပ်ဆောင်တွေနေရာမှာ အစားထိုးလာနိုင်မလားဆိုတဲ့ ပြောဆိုချက်တွေရှိနေပါတယ်။

Ref: This AI Actress Is The First To Star In A Chinese Drama, Bears Uncanny Resemblance To Angelababy

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top