မျက်လုံးအုပ်ပြီး စစ်တုရင်ခုံမှာ စစ်တုရင်ရုပ်တွေကို စီပြကာ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ ၁၀ နှစ်သမီးလေး

27.9.23-yyl-3.jpg

မလေးရှားနိုင်ငံက အသက် ၁၀ နှစ်အရွယ် စစ်တုရင်ဝါသနာရှင်ကလေးမလေးဟာ မျက်လုံးအုပ်ပြီး ၄၅.၇၂ စက္ကန့်အတွင်း စစ်တုရင်ရုပ်တွေ စီပြနိုင်ခဲ့လို့ ကမ္ဘာဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ ပူနီသာမလာ ရာဂျရှီကာ ဆိုတဲ့ အဲဒီကလေးမလေးက သူ့ရဲ့ကျောင်းမှာ ဒီစံချိန်ကို ချိုးပြခဲ့တာပါ။ ကျောင်းရဲ့မိဘဆရာအသင်းအဖွဲ့ဝင်တွေ မျက်မြင်တွေ့ခဲ့ရပါတယ်။

ရာဂျရှီကာက စစ်တုရင်နဲ့ပတ်သက်ပြီး သူ့အဖေက သူ့ရဲ့နည်းပြဖြစ်ပြီး နေ့တိုင်းလိုလို အတူတူကစားဖြစ်တယ်လို့ ပြောပါတယ်။ သူက ဒီစံချိန်ကို ချိုးခဲ့တာနဲ့ပတ်သက်ပြီး ဂုဏ်ယူခဲ့တဲ့အပြင် သူ့ရဲ့ဒီအောင်မြင်မှုက အခြားသူတွေကို သူတို့ရဲ့ထူးခြားတဲ့အရာတွေကို အကောင်အထည်ဖော်ဖို့ လှုံ့ဆော်ပေးမယ်လို့လည်း မျှော်လင့်ထားပါတယ်။

ရာဂျရှီကာက ထူးထူးခြားခြားအောင်မြင်မှုတွေအကြောင်းရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ကြည့်ရင်း ဒီစံချိန်ကို ချိုးဖို့ စိတ်ကူးရခဲ့တာပါ။ သူက Kids Got Talent လို ပွဲအမျိုးမျိုးမှာ ပါဝင်ခဲ့ဖူးပြီး ဒီထက်ပိုပြီး အသိအမှတ်ပြုမှုတွေရရှိချင်ခဲ့ပါတယ်။ သူ့အဖေက ဝါသနာပါရာကို လုပ်ဖို့ အကြံပြုခဲ့တာကြောင့် ဒီစံချိန်ကို ချိုးဖို့ လုပ်ခဲ့ပါတယ်။

သူ အကြိုက်ဆုံးဘာသာရပ်က သင်္ချာဘာသာရပ်ဖြစ်ပြီး သူ ကြီးလာရင် အာကာသပညာရှင်တစ်ဦးဖြစ်လာဖို့ ဆန္ဒပြင်းပြနေပါတယ်။ သူက စစ်တုရင်ကစားရတာကို ဝါသနာပါတဲ့အပြင် အချက်အလက်တွေနဲ့ ပုံတွေကို မှတ်သားရတာကိုလည်း နှစ်သက်ပါတယ်။ သူ့ရဲ့အရည်အချင်းကို ပြသဖို့ ကျောင်းပြိုင်ပွဲတော်တော်များများမှာလည်း ပါဝင်ခဲ့ပါတယ်။

Ref: Malaysian Girl, 10, Sets Guinness World Record For Blindfolded Chessboard Arrangement

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top