တိုင်ဖွန်းမုန်တိုင်းကြောင့် ရေမြုပ်ခဲ့တဲ့ ကျည်ဆန်ရထား ၁၀ စင်းကို ရထားလိုင်းကနေ ဖယ်ရှား

yyl-002-5.jpg

ပြီးခဲ့တဲ့လက တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ်ကြောင့် ရေကြီးရေလျှံခဲ့ချိန်မှာ တစ်စိတ်တစ်ပိုင်း ရေနစ်မြုပ်ခဲ့တဲ့ ကျည်ဆန်ရထား ၁၀ စင်းကို ဂျပန်နိုင်ငံက ပြေးဆွဲမယ့် ရထားစာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။ ကျည်ဆန်ရထားတွေရဲ့ တချို့အစိတ်အပိုင်းတွေကို ပြန်အသုံးပြုဖွယ်ရှိပေမဲ့ ကျည်ဆန်ရထား ၁၀ စင်းကို ပြေးဆွဲမှု ရပ်နားလိုက်လို့ ဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကနေ ၁၃၅ သန်းကြားရှိပါတယ်။ ပြေးဆွဲမှုရပ်နားလိုက်တဲ့ ကျည်ဆန်ရထားတွေမှာ ရထားတွဲ ၁၂ တွဲစီ ပါဝင်ပါတယ်။ အဲဒီကျည်ဆန် ရထားတွေဟာ ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့ကနေ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ကာနာဇာဝါမြို့ကို ပြေးဆွဲနေတဲ့ ဟိုကူရီကူ-ရှင်ကန်ဆန်ရထားလိုင်းက ဖြစ်ပါတယ်။

လုံခြုံစိတ်ချရစေဖို့ ရည်ရွယ်ပြီး ရေမြုပ်ခဲ့တဲ့ ရထားတွေအစား ရထားအသစ်တွေ ထည့်သွင်းအသုံးပြုသွားမယ်လို့ ရထားလိုင်း တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ဂျပန်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ်ကြောင့် အနည်းဆုံး လူ ၉၀ သေဆုံးပြီး အိမ်ခြေရာမဲ့ဖြစ်သူ ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄၀ အထိ တိုက်ခတ်ခဲ့တဲ့ ဟာဂျီဘစ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဂျပန်နိုင်ငံရဲ့ အဆိုးရွားဆုံး တိုင်ဖွန်းမုန်တိုင်းဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top