ရာထူးလွှဲပြောင်းပေးရတော့မယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အီရတ်နိုင်ငံက ဖမ်းဆီးမိန့်ထုတ်ပြန်

8-1-2021-yyl09.jpg

ပြီးခဲ့တဲ့နှစ်က အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို လုပ်ကြံရာမှာ အီရတ်ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်ကို သတ်ဖြတ်မှုအတွက် အီရတ်နိုင်ငံ စုံစမ်းစစ်ဆေးရေးတရားရုံးရဲ့ တရားသူကြီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃ ရက်မှာ အမေရိကန်နိုင်ငံက မောင်းသူမဲ့ယာဉ် အသုံးပြုပြီး ကွက်တပ်ဖွဲ့ခေါင်းဆောင် ဆိုလေမာနီကို လုပ်ကြံချိန်တုန်းက အီရတ်ပြည်သူ့စစ်တပ်ဖွဲ့(Popular Mobilization Forces – PMF )ရဲ့ ဒုတိယခေါင်းဆောင် အယ်မူဟန်ဒီလည်း သေဆုံးခဲ့ပါတယ်။

” ကနဦး စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးသွားချိန်မှာ ရာထူးလွှဲပြောင်းပေးရတော့မယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရားသူကြီးက ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့ပါတယ် ” လို့ အီရတ်နိုင်ငံ ထိပ်တန်းတရားရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(PMF) ဟာ အီရန်နိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ရှီအာပြည်သူ့စစ်တပ်ဖွဲ့ဖြစ်ပြီး ၂၀၁၆ ခုနှစ် အီရတ်နိုင်ငံဥပဒေအရ ဝန်ကြီးချုပ်ကို တိုက်ရိုက်အစီရင်ခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ဖြစ်ပါတယ်။

အီရန်နိုင်ငံကလည်း ဆိုလေမာနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ကို ဖမ်းဆီးမိန့်ထုတ်ပြန်ထားပါတယ်။

Ref: CNN ” Iraqi judge issues arrest warrant for Donald Trump”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top