စွန့်ပစ်မိုင်းတွင်းမှာ တွေ့တဲ့ ၁၉ ရာစု Levi’s ဂျင်းဘောင်းဘီတစ်စုံကို ဒေါ်လာ ၈၇၀၀၀ ကျော်နဲ့ ရောင်းချ

14-10-2022-yyl-03.jpg

နယူးမက္ကဆီကိုက မြို့ငယ်လေးမှာ ၁၈၈၀ ခုနှစ် Levi’s ဂျင်းဘောင်းဘီတစ်စုံကို ဒေါ်လာ ၈၇၀၀၀ ကျော်နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီဂျင်းဘောင်းဘီတစ်စုံကို ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက စွန့်ပစ်မိုင်းတွင်းတစ်ခုမှာ တွေ့ရှိခဲ့ပြီး Vintage ဂျင်းဈေးကွက်မှာ အတွ့အကြုံရှိသူ ဇစ်ပ် စတီဗန်ဆန်က အသက် ၂၃ နှစ်အရွယ် ကိုင်လီ ဟော့တာနဲ့အတူ လေလံပွဲမှာ ဝယ်ယူခဲ့ပါတယ်။

စတီဗန်ဆန်တို့က လေလံမစခင်ကအထိ ဂျင်းဘောင်းဘီတွေကို အတူတူဝယ်ယူဖို့ အစီစဉ်မရှိခဲ့ပါဘူး။ ဂျင်းဘောင်းဘီကို မြင်လိုက်တဲ့အချိန်မှာ အတူတူဝယ်ဖြစ်သွားခဲ့တာပါ။ ဂျင်းဘောင်းဘီတွေကို ဝယ်ယူသူရဲ့ထပ်ဆောင်းငွေ ၁၅ ရာခိုင်နှုန်းအပါအဝင် ဂျင်းဘောင်းဘီတစ်စုံအတွက် ပေးရတဲ့ အမြင့်ဆုံးဈေးနှုန်းတွေထဲက တစ်ခုဖြစ်တဲ့ ဒေါ်လာ ၈၇၄၀၀ နဲ့ ရောင်းချခဲ့တာပါ။ ဟော့တာက ဂျင်းဘောင်းဘီအတွက် ငွေကို ၉၀ ရာခို်ငနှုန်း ပေးခဲ့ပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကို စတီဗန်ဆန်က ပေးခဲ့တာပါ။

စတီဗန်ဆန်က လော့စ်အိန်ဂျလိစ်မှာ ဂျင်းဘောင်းဘီပြုပြင်ရေးဆိုင်ကို ဖွင့်ထားတာ ဆယ်စုနှစ် (၃) ခုနီးပါးရှိပါပြီ။ ဒါပေမဲ့ ဒီလို ဂျင်းဘောင်းဘီတစ်စုံကို မတွေ့ခဲ့ဖူးပါဘူး။ ဒီဘောင်းဘီတွေက ဝတ်လို့ရသေးတဲ့အတွက် အရမ်းရှားပါးတယ်လို့ သူက ပြောပါတယ်။ သူဟာ လွန်ခဲ့တဲ့ (၅) နှစ်က စွန့်ပစ်မိုင်းတွင်း အနည်းဆုံး (၅၀) မှာ ရှာခဲ့တဲ့ မိုက်ကယ် ဟာရစ် ပထမဆုံးရှာတွေ့ခဲ့တဲ့ ဂျင်းဘောင်းဘီတွေအကြောင်း ကြားခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဆင်တူဂျင်းဘောင်းဘီတစ်စုံက (၂) စုံသာရှိပေမဲ့ ဝတ်လိုက်ရင် စုတ်ပြဲသွားနိုင်တဲ့အခြေအနေမှာရှိတဲ့အတွက် ပြတိုက်မှာ သိမ်းဆည်းထားပါတယ်။

အခုဂျင်းဘောင်းဘီတစ်စုံက အံ့ဩဖွယ်ကောင်းလောက်အောင် တာရှည်ခံပြီး ကျိန်းသေ ဝတ်ဆင်လို့ရနိုင်တယ်လို့ စတီဗန်ဆန်က ဆိုပါတယ်။ စတီဗန်ဆန်တို့က ဒီဂျင်းတွေကို အရမ်းစိတ်ဝင်စားတဲ့ သီးသန့်ဝယ်ယူမယ့်သူထံ ရောင်းချဖို့ စဉ်းစားထားပါတယ်။ ဒါပေမဲ့ ဒါတွေကို ဝယ်ယူမယ့်သူကို Smithsonian (ဒါမှမဟုတ်) the Metropolitan Museum of Art လို ပြတိုက်တစ်ခုမှာ ပြသဖို့ လိုလားတယ်လို့ စတီဗန်ဆန်က ဆိုပါတယ်။အခုတော့ အဲဒီဂျင်းဘောင်းဘီတစ်စုံကို စတီဗန်ဆန်ရဲ့ဂျင်းဘောင်းဘီပြုပြင်ရေးဆိုင်အနီးနားက Safety Deposit Box မှာ သိမ်းထားပါတယ်။

Ref: CNN “19th-century Levi’s jeans found in mine shaft sell for more than $87,000”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top