အချိန်၊ နေရာမရွေး အလွယ်တကူ အဝတ်လျော်နိုင်တဲ့ အိတ်ဆောင် အဝတ်လျော်စက်ကို ဂျပန်ကုမ္ပဏီ Kao က ထုတ်လုပ်ခဲ့တာပါ။ အဝတ်လျော်စက်ဆိုပေမဲ့ ပလတ်စတစ်ဇစ်တပ် အိတ်တစ်လုံးပါပဲ။
လျော်ချင်တဲ့အဝတ်တွေကို အိတ်ထဲထည့်၊ ဆပ်ပြာမှုန့်ထည့်၊ ပြီးရင် ဇစ်ပြန်ပိတ်ပြီး အိတ်အပြင်ဘက်ကနေ ပွတ်ချေလိုက်ရမှာပါ။ အတန်ကြာ ပွတ်ချေပြီးရင် အဖုံးဖွင့်ပြီး တစ်ရေသွန်၊ ရေထပ်ထည့်၊ နောက်တစ်ရေသွန်။ ဆပ်ပြာပြောင်လောက်ပြီဆိုရင် အဝတ်တွေကို အိတ်ထဲကထုတ်၊ လှမ်းရုံပါပဲ။ ၅ လီတာ ဝင်ဆံ့တဲ့ အိတ်ဖြစ်ပါတယ်။ နာမည်ကတော့ Attack Zero အဝတ်လျော်အိတ်ပါ။
Ref: This Plastic Zipper Bag Is Probably the World’s Simplest Portable Washing Machine
Team (ရိုးရာလေး)