VMAs ဆုပေးပွဲမှာ တစ်ကိုယ်တော်သီချင်းနဲ့ ဆုကြီး ဆွတ်ခူးခဲ့တဲ့ လီဆာ

29-8-2022-yyl-01.png

Best Kpop ဆုကြီးဆွတ်ခူးခဲ့တဲ့ လီဆာ

နာမည်ကြီးကေပေါ့ပ်အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် လီဆာဟာ ၂၀၂၂ ခုနှစ်ရဲ့ MTV Video Music Awards (VMAs) မှာ Best K-pop ဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။

ဒီဆုပေးပွဲကို နယူးဂျာစီပြည်နယ်က Prudential Center မှာ ဩဂုတ်လ ၂၈ ရက်နေ့က ကျင်းပပြုလုပ်သွားခဲ့တာပါ။ အဖွဲ့ဝင်လီဆာ ဆုကြီးမသိမ်းပိုက်ခင် BLACKPINK အဖွဲ့ကလည်း “Best Metaverse Performance” ဆုကို ဆွတ်ခူးခဲ့ပါသေးတယ်။ လီဆာကတော့ သူ့ရဲ့တစ်ကိုယ်တော်သီချင်း LALISA နဲ့ “Best K-pop” ဆုကို ရရှိသွားခဲ့တာပါ။ လီဆာက ကေပေါ့ပ်သမိုင်းတစ်လျှောက်မှာ အဲဒီဆုကို ရရှိတဲ့ ပထမဆုံးတစ်ကိုယ်တော်အဆိုရှင်ဖြစ်လာခဲ့ပါတယ်။

ဆုပေးပွဲတက်ရောက်ခဲ့တဲ့ BLACKPINK အဖွဲ့ မြင်ကွင်းပုံရိပ်

ဆုလက်ခံစဉ် လီဆာက YG Entertainment ရဲ့ ပရိုဂျူဆာ တက်ဒီနဲ့ BLACKPINK ရဲ့ fandom BLINK တို့ကို ကျေးဇူးတင်ခဲ့သလို အားပေးပံ့ပိုးပေးခဲ့ကြတဲ့ သူ့ရဲ့အဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ဖို့ မမေ့ခဲ့ပါဘူး။ ဆုပေးပွဲမှာ BLACKPINK အဖွဲ့က အသစ်ထွက်ရှိထားတဲ့ “Pink Venom” သီချင်းနဲ့ အမိုက်စားဖျော်ဖြေတင်ဆက်မှုလည်း လုပ်ခဲ့ပါတယ်။

Ref: Allkpop & Koreaboo “BLACKPINK’s Lisa wins the Best K-Pop award at the VMAs with ‘LALISA'”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top