သြစတြေးလျကမ်းခြေမှာ အမျိုးအမည်ခွဲခြားနိုင်ခြင်းမရှိသေးတဲ့ အရာဝတ္တုတစ်ခု သောင်တင်နေ

16.7.23-yyl-19.jpg

သြစတြေးလျနိုင်ငံ အနောက်ပိုင်းကမ်းခြေမှာ အမျိုးအမည် ခွဲခြားနိုင်ခြင်းမရှိသေးတဲ့ အရာဝတ္တုတစ်ခု သောင်တင်နေပြီး အမျိုးမျိုး မှတ်ချက်ပေးနေကြပါတယ်။ စလင်ဒါပုံ သတ္တုထည်ကို ပါ့သ်မြို့ မြောက်ဘက် ကီလိုမီတာ ၂၅၀ ဝန်းကျင်ကွာဝေးတဲ့ ဂရင်းဟတ်ကမ်းခြေမှာ ဒေသခံတွေက တွေ့ရှိခဲ့တာပါ။
ပြည်နယ်နဲ့ ပြည်ထောင်စု အာဏာပိုင်တွေက ဒီအရာဝတ္တုကို စုံစမ်းစစ်ဆေးနေပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာအဖြစ် သတ်မှတ်ထားတာကြောင့် လူတွေအနေနဲ့ ခပ်ဝေးဝေးနေကြဖို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ စလင်ဒါပုံ သတ္တုထည်ဟာ အလျား ၂.၅ မီတာ၊ အရှည် ၂.၅ မီတာကနေ ၃ မီတာကြား ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတ္တုထည်ဟာ ၂၀၁၄ ခုနှစ်က သြစတြေးလျနိုင်ငံ အနောက်ပိုင်းကမ်းလွန်ဘက်မှာ ပျောက်ဆုံးသွားတဲ့ ခရီးသည်တင် MH370 လေယာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ လေကြောင်းပျံသန်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဂေါ့ဖရေးသောမတ်စ်ကတော့ ဒါဟာ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း အိန္ဒိယသမုဒ္ဒရာထဲကို ပျက်ကျခဲ့တဲ့ ဒုံးကျည်ရဲ့ လောင်စာဆီကန် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

MH370 လေယာဉ်ဟာ လွန်ခဲ့တဲ့ ၉ နှစ်ခွဲကတည်းက ပျောက်ဆုံးသွားတာဖြစ်ပြီး MH370 လေယာဉ်ရဲ့ အစိတ်အပိုင်းဆိုရင် အခုထက် ပိုပြီး ပျက်စီးယိုယွင်းနေမှာဖြစ်လို့ MH370 လေယာဉ်ရဲ့ အစိတ်အပိုင်း မဖြစ်နိုင်ဘူးလို့ ဂေါ့ဖရေးသောမတ်စ်က ဆိုပါတယ်။

Ref: Australia baffled as unidentified mystery object washes up on beach

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top