သင့်တင့်တဲ့ဈေးနှုန်း နဲ့ အကြိုက်တွေ့စေ မယ့် နောက်ဆုံးပေါ် Zenfone တံဆိပ်ဖုန်းများကို ASUS မှ စတင် မိတ်ဆက်ပေးလိုက်ပါပြီ

asus_zenphone.gif

ASUS ဟာ လူကြိုက်များတဲ့ ကွန်ပျူတာတံဆိပ်တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် ASUS ဟာ မြန်မာနိုင်ငံမှာ ကွန်ပျူတာတင်မက Zenfone တံဆိပ်ဖုန်းတွေကိုပါ စတင်ရောင်းချတော့မှာဖြစ် ပါတယ်။ Incredible comes to Myanmar လို့နာမည်ပေးထားတဲ့ ပြပွဲကို မတ်လ ၁၅ ရက်နေ့က Novotel Hotel မှာပြုလုပ်ခဲ့ပြီး စွဲမက်ဖွယ်ရာ ဖုန်းအမျိုးအစား (၅) မျိုးနဲ့ အားလုံးကို မိတ်ဆက်ပေးလိုက်ပါပြီ။

Zenfone Zoom, Zenfone 2 Laser, Zenfone Selfie, Zenfone Max, Zenfone Go တို့ဖြစ်ပါတယ်။ ZenFone Zoom က Zoom သုံးဆပါဝင်ပြီး ကိုယ်ထည်မှာ ကမ္ဘာ့အပါးလွှာဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ZenFone 2 Laser က ၁၃မဂ္ဂါပစ်ဇယ် ကင်မရာဖြင့် ဝ.၀၃စက္ကန့်အချိန်အတွင်းမှာ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံကိုရိုက်ယူနိုင်တယ်လို့ သိရပါတယ်။ ZenFone Selfie ကတော့ အရှေ့ကင်မရာရော အနောက်ဘက်ကင်မရာမှာပါ ၁၃မဂ္ဂါပစ်ဇယ်ပါဝင်ပြီး Selfie ချစ်သူတို့အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။ ZenFone Max ကတော့ 5000mAh lithium-polymer ဘတ်ထရီကြောင့် မယုံနိုင်လောက်အောင် ကြာရှည်စွမ်းအင်ပြည့်သုံးနိုင်ခြင်း နှင့် ZenFone Go ပရီမီယံဒီဇိုင်းနဲ့ထုတ်လုပ်ထားပြီး အရမ်းတန်တဲ့ဈေးနှုန်းနဲ့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“အသစ်စက်စက် စမတ်ဖုန်းစီးရီးတွေကို မြန်မာနိုင်ငံသယ်ဆောင်လာရတာ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်၊ ဖုန်းတိုင်းမှာ အလှတရားနဲ့ ခိုင်ခံ့မှု၊ သာလွန်တဲ့ဒီဇိုင်း၊ လုပ်ဆောင်ချက်နဲ့ဖန်တီးမှုတွေကို မိုဘိုင်းဖုန်းအသုံးပြုသူတွေ တစ်ဦးချင်းစီရဲ့လိုအပ်ချက်တွေ ပိုပြီးအဆင်ပြေစေဖို့၊ကောင်းမွန်စေဖို့ ဆန်းကြယ်စွာပေါင်းစပ်ထားပါတယ်။”လို့ APAC အထွေထွေမန်နေဂျာ Rex Lee က ပြောကြားသွားခဲ့ပါတယ်။

ASUS Zenfone Series (၅)မျိုးလုံးကို မတ်လ ၁၅ ရက်မှ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ရန်ကုန်၊မန္တလေး၊နေပြည်တော်၊ ပဲခူးနဲ့ မော်လမြိုင် မြို့တို့မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက 09974816900, 09975888536 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top