ထိုင်းနိုင်ငံမှာ ညကလပ် မီးလောင်လို့ အနည်းဆုံး လူ ၁၃ ယောက် သေဆုံး

5-8-2022-yyl30.jpg

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်ဘူရီပြည်နယ်မှာ သောကြာနေ့ နံနက် ၁ နာရီအချိန်က ညကလပ် မီးလောင်လို့ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး လူ ၄၁ ဦး ဒဏ်ရာရခဲ့ပါတယ်။


Mountain B ညကလပ် မီးလောင်တာဖြစ်ပြီး အွန်လိုင်းပေါ်က ရုပ်သံမှတ်တမ်းတွေအရ အင်္ကျီမီးစွဲခံနေရသူတွေ ကလပ်ထဲကနေ အော်ဟစ်ထွက်ပြေးလာတာ တွေ့ရပါတယ်။ ကလပ်နံရံက မီးလောင်လွယ်တဲ့ အရာတွေကြောင့် မီးအရှိန် ပိုကောင်းခဲ့တာ ဖြစ်မယ်လို့ ကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။

မီးသတ်သမားတွေက မီးထိန်းနိုင်ဖို့ ၂ နာရီကြာ ကြိုးပမ်းခဲ့ရတာပါ။ သေဆုံးသူ ၁၃ ဦးထဲမှာ အမျိုးသမီး ၄ ယောက်၊ အမျိုးသား ၉ ယောက် ပါဝင်ပြီး ရုပ်အလောင်းအများစုကို ဝင်ပေါက်နဲ့ ရေအိမ်နားတွေကနေ တွေ့ရှိခဲ့တာပါ။ ဒီဂျေစင်နားကလည်း ရုပ်အလောင်းတချို့ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူအားလုံးက ထိုင်းနိုင်ငံသားတွေဖြစ်မယ်လို့ ယူဆထားကြပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Ref: Thailand nightclub fire kills at least 13 and injures dozens

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top