အင်စတာဂရမ်ပေါ်ကနေ ကလေးတွေ ရောင်းနေတယ်ဆိုတဲ့ အမျိုးသား ၃ ယောက်ကို ဖမ်းဆီး

26-6-2020-yyl-029.jpg

အင်စတာဂရမ် လူမှုကွန်ရက်ပေါ်ကနေ ကလေးတွေ ရောင်းစားဖို့ ကြိုးစားနေတယ်ဆိုတဲ့ အမျိုးသား သုံးယောက်ကို အီရန်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ အီရန်အစိုးရရဲ့ ISNA သတင်းဌာနက ဖော်ပြပါတယ်။ ရက် ၂၀ အရွယ် ကလေးငယ်နဲ့ နှစ်လသားအရွယ် ကလေးငယ်တွေကို ကလေးရောင်းစားတဲ့ဂိုဏ်းရဲ့ လက်ထဲကနေ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်ကလေးတစ်ယောက်ကို ဘယ်သူ၊ ဘယ်ဝါ ခွဲခြားဖော်ထုတ်နိုင်ပြီဖြစ်ပေမဲ့ အခုချိန်ထိ မတွေ့သေးဘူးလို့ တီဟီရန်ရဲမှူးချုပ် ဟူစိန်ရာဟီမီက ပြောပါတယ်။

အခုကယ်တင်နိုင်ခဲ့တဲ့ ကလေးငယ်တွေက အင်စတာဂရမ်ပေါ်မှာ ရောင်းစားဖို့ ကြော်ငြာခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတစ်ယောက်ကို ရီယယ်ငွေ သန်း ၄၀၀ ( အမေရိကန်ဒေါ်လာ ၉၄၉၀)၊ နောက်တစ်ယောက်ကို ရီယယ်ငွေ သန်း ၅၀၀ ( အမေရိကန်ဒေါ်လာ ၁၁၈၀၀)နဲ့ ရောင်းချဖို့ ကြော်ငြာထားတာပါ။ ကလေးတွေကို ဆင်းရဲသားမိသားစုတွေထံကနေ ဝယ်ယူခဲ့တာဖြစ်ပြီး တစ်ယောက်က ရီယယ်ငွေ သန်း ၅၀၊ နောက်တစ်ယောက်က ရီယယ်ငွေ သန်း ၁၀၀ ပေးရတယ်လို့ ဆိုပါတယ်။

” လူကုန်ကူးတဲ့ကိစ္စလို ရေးသားဖော်ပြမှုတွေ၊ အပြုအမူတွေကို အင်စတာဂရမ်မှာ ခွင့်မပြုထားပါဘူး။ ဒီလုပ်ရပ်နဲ့ပတ်သက်တဲ့ သတင်းတွေကို သတိထားမိပါတယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုလုပ်နေပါတယ်”လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အီရန်နိုင်ငံဟာ လူကုန်ကူးမှု အဆိုးရွားဆုံးကျူးလွန်တဲ့ နိုင်ငံများစာရင်း( 21 Tier Three)မှာ ပါဝင်နေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top