နာဆာအဖွဲ့က သူတို့ရဲ့ရုံးချုပ်ကို ပထမဆုံး လူမည်းအမျိုးသမီး အင်ဂျင်နီယာရဲ့ အမည်မှည့်

26-6-2020-yyl-030.jpg

နာဆာအဖွဲ့ဟာ ပထမဆုံး လူမည်းအမျိုးသမီး အင်ဂျင်နီယာ မေရီဂျက်ဆင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ သူတို့ရဲ့ရုံးချုပ်ကို မေရီဂျက်ဆင်လို့ အမည်ပေးခဲ့ပါတယ်။ မေရီဂျက်ဆင်ဟာ အင်ဂျင်နီယာပညာရပ်နဲ့ နည်းပညာလောကမှာ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေနဲ့ အမျိုးသမီးတွေအတွက် အတားအဆီးတွေကို ချိုးဖျက်ဖယ်ရှားဖို့ ကူညီပေးခဲ့သူဖြစ်တယ်လို့ နာဆာအဖွဲ့ရဲ့ အုပ်ချုပ်ရေးမှူး ဘရီဒန်စတင်းက ပြောပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ခဲ့တဲ့ Hidden Figures ဇာတ်ကားမှာ မေရီဂျက်ဆင်ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာလည်း နာဆာအဖွဲ့က သူတို့ရဲ့ရုံးချုပ်အပြင်ဘက်မှာရှိတဲ့လမ်းကို Hidden Figures လမ်းလို့ အမည်ပေးခဲ့ပါတယ်။ ” မီးခဲပြာဖုံးတာမျိုး မရှိစေရတော့ပါဘူး။ အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေပဲဖြစ်ဖြစ်၊ နာဆာအဖွဲ့ရဲ့ စူးစမ်းရှာဖွေမှုတွေ အောင်မြင်အောင် ကူညီပေးခဲ့တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့ အသိအမှတ်ပြုသွားမှာပါ။ မေရီဂျက်ဆင်က အရမ်းအရေးပါတဲ့ အမျိုးသမီးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ နာဆာအဖွဲ့က အမေရိကန်အာကာသယာဉ်မှူးတွေကို အာကာသထဲ အောင်အောင်မြင်မြင် ပို့ဆောင်ပေးနိုင်အောင် ကူညီပေးခဲ့သူပါ”လို့ ဘရီဒန်စတင်းက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top