မြောက်ကိုရီးယားကတောင်ကိုရီးယားနဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်

9-6-2020-yyl-004.jpg

ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ hotline ဆက်သွယ်မှုအပါအဝင် ကိုရီးယားနိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ အဆက်အသွယ်အားလုံးကို ဖြတ်တောက်ပစ်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံကို ရန်သူလို့ သုံးနှုန်းခဲ့ပြီး အဆက်အသွယ်အားလုံး ဖြတ်တောက်မှုက ပထမအဆင့် လုပ်ဆောင်မှုပဲရှိသေးတယ်လို့ ဆိုပါတယ်။ စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှုတွေကိုလည်း ဖြတ်တောက်မယ်လို့ ဆိုပါတယ်။ ဇွန်လ ၉ ရက်ကစပြီး မြောက်ကိုရီးယားနိုင်ငံ ကေဆောင်နယ်စပ်မြို့မှာ တည်ရှိတဲ့ ဆက်ဆံရေးရုံးကနေ နေ့စဉ်ဖုန်းခေါ်ဆို ဆက်သွယ်မှုတွေကို ရပ်တန့်သွားမှာပါ။ ကိုရီးယားနှစ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်က ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်း တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ဆက်ဆံရေးရုံး တည်ထောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီလက COVID-19 ရောဂါ တားဆီးကာကွယ်ရေး ကန့်သတ်မှုတွေကြောင့် ဆက်ဆံရေးရုံးကို ယာယီပိတ်ထားချိန်မှာ ကိုရီးယားနှစ်နိုင်ငံကြား ဖုန်းဆက်သွယ်မှု လုပ်ခဲ့ပါတယ်။ ကိုရီးယားနှစ်နိုင်ငံဟာ နေ့စဉ်နေ့တိုင်း နံနက် ၉ နာရီနဲ့ ညနေ ၅ နာရီအချိန်တွေမှာ ဖုန်းဆက်သွယ်မှုနှစ်ကြိမ် လုပ်လေ့ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံက ပြည်ပြေးအဖွဲ့တွေကို အသုံးပြုပြီး မြောက်ကိုရီးယားနိုင်ငံအတွင်း လက်ကမ်းစာစောင်တွေ ဝေခိုင်းနေတာကို အဆုံးမသတ်ရင် ဆက်ဆံရေးရုံးကို ပိတ်ပစ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမ ကင်ယိုဂျုံက ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ အဲဒီလုပ်ရပ်ဟာ ၂၀၁၈ ခုနှစ်က ပန်မွန်ဂျမ်ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်နှစ်ယောက် ရယူခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့ ကင်ယိုဂျုံက ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top