ဘိုးဘွားရိပ်သာမှ အသက် ၁၀၀ ကျော် ချစ်သူနှစ်ဦးရဲ့ လက်ထပ်ပွဲ

24.5.24-yyl-2.jpg

ဘိုးဘွားရိပ်သာမှာ ဖူးစာစုံတဲ့ အသက် ၁၀၀ ကျော် ချစ်သူနှစ်ဦးဟာ တရားဝင် ထိမ်းမြားလက်ထပ်လိုက်ကြပါပြီ။ အသက် ၁၀၀ အရွယ် အဘိုးအို ဘာနီလစ်တမန်းနဲ့ အသက် ၁၀၂ နှစ်အရွယ် အဘွားအို မာဂျိုရီတို့ဟာ လွန်ခဲ့တဲ့ ၉ နှစ်ကစပြီး အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားမြို့မှ ဘိုးဘွားရိပ်သာမှာ ဆုံစည်းခဲ့ကြတာပါ။ တစ်ဦးနဲ့တစ်ဦး မျက်စိအောက်မှ အပျောက်မခံနိုင်တဲ့အထိ သံယောဇဉ် ပိုမိုခိုင်မာလာပြီးနောက် ထိမ်းမြားလက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဘိုးဘွားရိပ်သာဟာ သူတို့ရဲ့လက်ထပ်ပွဲကြောင့် မင်္ဂလာခန်းမတစ်ခုလို ပျော်ရွှင် စည်ကားတဲ့ နေရာလေးတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အံ့အားသင့် ပျော်ရွှင်နေကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်းရဲ့ ရယ်မောသံတွေနဲ့ ဝေဆာခဲ့ပြီး အားလုံးလည်း ပျော်ရွှင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့တွေကတော့ သူတို့နှစ်ဦးကိုကြည့်ပြီး အချစ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: Timeless Love: 100-Year-Old Grandfather Marries 102-Year-Old Sweetheart

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top