ကပ်ရောဂါအတွင်း ဟိုတယ်တွေ သန့်ရှင်းရေး လုပ်ရဲ့လားလို့ အဖွဲ့တစ်ဖွဲ့ ထောက်လှမ်း စစ်ဆေးလိုက်တဲ့အခါ

6-7-2020-yyl-031.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက လူတော်တော်များများကို သေဆုံးစေခဲ့ရုံသာမက တစ်ကိုယ်ရေးသန့်ရှင်းရေးက ဘယ်လောက်အရေးကြီးလဲဆိုတာကိုပါ ကျွန်တော်တို့လူသားတွေကို သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်တို့ကျန်းမာရေးအတွက်၊ လူတိုင်းဘေးကင်းလုံခြုံရေးအတွက် ဟိုတယ်လို နေရာတွေက COVID-19 Lockdown လုပ်ထားသင့်ပြီး အခြားနေရာတွေထက် နှစ်ဆလောက် သန့်ရှင်းအောင်ထားပေးသင့်ပါတယ်။ Lockdown တွေဖြေလျော့ပေးပြီး ဟိုတယ်တွေ ပြန်ဖွင့်တဲ့အခါမှာ စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ကြရပါတယ်။ တချို့ဟိုတယ်တွေက လိုက်နာကြပေမယ့် တချို့ကတော့ ကပ်ရောဂါအတွင်းမှာ ထင်ထားသလောက် မသန့်ရှင်းဘူးဆိုတာကို TV show Inside Edition အဖွဲ့သားတွေက ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။

အဲဒီShowရဲ့ထုတ်လုပ်သူတွေက နယူးယောက်ခ်မြို့ရဲ့ နာမည်ကြီးဟိုတယ်တော်တော်များများရဲ့ ဟိုတယ်အခန်းတွေကို စစ်ဆေးခဲ့ပြီး အိပ်ရာခင်း၊ ခေါင်းအုံး၊ ရေချိုးတဘတ်တွေပေါ်မှာ လိုဂိုတွေ အသုံးပြုဖို့အတွက် လျှော်ဖွတ်လို့ရတဲ့ စပရေးတွေကို အသုံးပြုခဲ့ပါတယ်။ အဲဒီလိုဂိုတွေက UV အလင်းရောင်အောက်မှာသာ မြင်တွေ့နိုင်တာဖြစ်ပါတယ်။ အိပ်ရာခင်းတွေ လဲလားမလဲလားသိဖို့အတွက် UV အလင်းနဲ့သာမြင်ရတဲ့လိုဂိုတွေကို အသုံးပြုခဲ့ပြီး နောက်နေ့ သူတို့ ပြန်သွားစစ်ဆေးတဲ့အခါမှာတော့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ထုတ်လုပ်သူတွေကလည်း စားပွဲခုံ၊ တီဗီလို ထိတွေ့မှုများတဲ့နေရာတွေကိုလည်း သန့်ရှင်းရဲ့လားဆိုတာ သိရဖို့အတွက် လျှော်ဖွတ်လို့ရတဲ့ ဂျယ်လ်တွေကို အသုံးပြုခဲ့ပါတယ်။ Inside Edition စစ်ဆေးတဲ့ဗီဒီယိုကို ကြည့်ရှုသူတော်တော်များများ စိတ်ဝင်စားခဲ့ပါတယ်။ သူတို့စစ်ဆေးခဲ့တဲ့ စီးပွားရေးတချို့ဟာ ဈေးအရမ်းကြီးတဲ့ Manhattan ဟိုတယ်တွေပါပဲ။ အဲဒီဟိုတယ်တွေက သင်တို့ပေးလိုက်တဲ့ ပမာဏနဲ့တန်ရဲ့လားဆိုတာ ခန့်မှန်းကြရအောင်။

Inside Edition က နောက်နေ့ သွားစစ်ဆေးကြည့်လိုက်တဲ့အခါမှာ Hyatt Place Times Square ဟိုတယ်က အိပ်ရာခင်းတွေနဲ့ ခေါင်းအုံးစွပ်တွေမှာ UV လိုဂိုတွေ တွေ့မြင်နေရတုန်းပါပဲ။ စားပွဲခုံ၊ ထိုင်ခုံတွေကို သန့်ရှင်းထားပြီး တဘတ်တွေကို ပြန်လဲထားပေမယ့် တီဗီRemote တွေကိုတော့ ပိုးသတ်ဆေးနဲ့ မသန့်စင်ထားတာကို တွေ့ခဲ့ရပါတယ်။

Hampton Inn ဟိုတယ်ကို သွားစစ်ဆေးကြည့်လိုက်တဲ့ အခါမှာတော့ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို လဲမထားတဲ့အပြင် တီဗီRemoteနဲ့ အပူထိန်းကိရိယာတွေ ကိုလည်း မသုတ်ထားတာတွေ့ခဲ့ရပါတယ်။

နောက်ဆုံး သွားစစ်ဆေးတဲ့ Trump International Hotel မှာလည်း ခေါင်းအုံးစွပ်ကို မလဲထားပါဘူး။ ဒါပေမဲ့ အိပ်ရာခင်းနဲ့ တဘတ်တွေကိုတော့ လဲလှယ်ထားပါတယ်။ The Hyatt ဟိုတယ်နဲ့ Hampton ဟိုတယ်အဖွဲ့သားတွေက ဒီလိုရှာဖွေတွေ့ရှိချက်နဲ့ ပတ်သက်ပြီး စိတ်မအေးဖြစ်ခဲ့ပေမယ့် Trump International Hotel က Inside Editionရဲ့တွေ့ရှိချက်တွေကို ငြင်းဆိုခဲ့ပြီး သူတို့ရဲ့တွေ့ရှိချက်က မှားယွင်းတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

video

Ref: Boredpanda “Investigators Set Up A Trap To See If Hotels Change Their Sheets During The COVID-19 Pandemic – They All Fail”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top