လမစေ့ဘဲ မွေးဖွားလာပြီး သေးငယ်လွန်းလို့ ဆရာဝန်တွေက အသက်ရှင်မှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြတဲ့ ကလေးငယ်ဟာ ကျန်းမာစွာနဲ့ ဆေးရုံက ပြန်ဆင်းခွင့် ရခဲ့

23.7.23-yyl-2.jpg

Zaylan and Krsyten now. See SWNS story SWSMprem. A mum who was told her baby “wouldn’t make it” and born so small he fit in her bra is now home and thriving after 181 days in hospital. Zaylan Reed was born weighing 1lb 6oz after being born 16 weeks early on December 23 2022 at UPMC Magee-Womens hospital. The tiny tot spend the next six months fighting for his life – battling to breathe alone before he was finally able to come home on June 21 2023. It’s a miracle for parents Krysten Risbon, 22, and

လမစေ့ဘဲ မွေးဖွားလာပြီး မွေးကင်းစအရွယ်မှာ လက်ဖဝါးပေါ် တင်ထားလို့ရအောင် သေးငယ်လွန်းလို့ ဆရာဝန်တွေက အသက်ရှင်မှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြတဲ့ ကလေးငယ်ဟာ ကျန်းမာစွာနဲ့ ဆေးရုံက ပြန်ဆင်းခွင့် ရခဲ့ပါပြီ။ မိခင်ဖြစ်သူ ခရိုင်စတင်က ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၁၆ ပတ်စောပြီး ဇေလန်းကို မွေးဖွားခဲ့တာပါ။

ခရိုင်စတင်ဟာ ကိုယ်ဝန်ဆောင်ချိန် ၂၃ ပတ်၊ ၆ ရက်အကြာမှာ သွေးဆင်းပြီး နာကျင်မှုဝေဒနာ အပြင်းအထန် ခံစားခဲ့ရလို့ အမျိုးသမီးဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခံခဲ့ရသူပါ။ ဆရာဝန်တွေက သန္ဓေသားရဲ့ အဆုတ်တွေ အားကောင်းအောင် ခရိုင်စတင်ကို စတီးရွိုက်ဆေးတွေ ပေးခဲ့ရပြီး မီးဖွားချိန်ကို ၂ ရက် နောက်ဆုတ်ပေးနိုင်ခဲ့ပါတယ်။ ဇေလန်းဟာ မွေးကင်းစအရွယ်မှာ ခန္ဓာကိုယ်အလေးချိန် ၁ ပေါင်၊ ၆ အောင်စပဲ ရှိခဲ့တာပါ။

နှလုံးမှာ အပေါက်ပါတဲ့ ဇေလန်းကို အောက်ဆီဂျင် မပြတ်တမ်း ပေးခဲ့ရပြီး ဆေးရုံမှာ ၁၈၁ ရက်ကြာ ကုသပေးခဲ့ရပါတယ်။ လမစေ့ဘဲ မွေးလာတဲ့ ကလေးတွေမှာ အဖြစ်များတဲ့ မျက်စိရောဂါ(ROP) ရှိလို့ ဇေလန်းကို ခွဲစိတ်ပေးခဲ့ရပါသေးတယ်။ ဆရာဝန်တွေက အသက်ရှင်မှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြပေမဲ့ ဇေလန်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်မှာတော့ ဆေးရုံကနေ ပြန်ဆင်းခွင့် ရခဲ့ပါပြီ။

သူ့ရဲ့ သားလေး အသက်ရှင်သန်အောင် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူနာပြုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကျေနပ်ပီတိဖြစ်ခဲ့တဲ့ ခရိုင်စတင်ကတော့ သူနာပြုလုပ်ဖို့ လေ့လာသွားမယ်လို့ ဆိုပါတယ်။

Ref: Tiny Baby That Fit Inside Mom’s Hand is Home Laughing After 181 Days in Hospital Not Expected to Survive

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top