ကုသလို့မရတော့တဲ့ ကင်ဆာရောဂါသည် (၅) နှစ်သားလေးရဲ့ဆန္ဒကို ရပ်ကွက်လူထုက ဖြည့်ဆည်းပေး

9-21-2022-yyl-33.jpg

ကုသလို့မရတော့တဲ့ ကင်ဆာရောဂါသည် (၅) နှစ်သားလေးရဲ့ဆန္ဒကို ရပ်ကွက်လူထုက ဖြည့်ဆည်းပေး

ကင်ဆာရောဂါသည် (၅) နှစ်သားလေး အဲလက်ဇန်းဒရို ဟာဒါကီစ်ရဲ့လမ်းထဲမှာတော့ ဟောလိုးဝင်းပွဲတော်က အောက်တိုဘာလမတိုင်ခင် ပြီးခဲ့တဲ့အပတ်က စောစီးစွာ ကျင်းပခဲ့ကြပါတယ်။ တကယ်တော့ အဲလက်ဇန်းဒရိုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်တဲ့အတွက် ဟာမေးလ်တန်မြို့ရဲ့ရပ်ကွက်လူထုက ဟောလိုးဝင်းဝတ်စုံတွေဝတ်လာခဲ့ကြတာပါ။ အဲလက်ဇန်းဒရိုရဲ့ဆန္ဒက သူ မသေဆုံးခင် မွန်းစတားတွေမြင်ရဖို့နဲ့ သရဲခြောက်တဲ့အိမ်ကို သွားချင်ရဖို့ပါ။

ကုသလို့မရတော့တဲ့ ကင်ဆာရောဂါသည် (၅) နှစ်သားလေးရဲ့ဆန္ဒကို ရပ်ကွက်လူထုက ဖြည့်ဆည်းပေး

စက်တင်ဘာ ၁၄ ရက်နေ့၊ ညနေခင်းမှာ မွန်းစတား၊ သရဲပုံစံတွေ ဝတ်ဆင်ထားတဲ့ လူတွေက လမ်းထဲမှာအပြည့်ပါပဲ။ အဲလက်ဇန်းဒရိုရဲ့မိဘတွေဖြစ်တဲ့ နစ်နဲ့ ကီရာတို့က သူတို့ရဲ့သားလေးကို လူစည်ကားတဲ့လမ်းတစ်လျှောက် ခေါ်သွားခဲ့ပြီး စုန်းမကြီးတွေ၊ ဖုတ်ကောင်တွေ၊ Ghostbusters ဇာတ်ကောင်တွေ၊ Paw Patrol တီဗီစီးရီးထဲက Rubble ဇာတ်ကောင်တွေအပြင် မီးသတ်သမားအစစ်တွေ၊ လမ်းထဲကို လာရောက်ခဲ့ကြတဲ့သူတွေနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။

ကုသလို့မရတော့တဲ့ ကင်ဆာရောဂါသည် (၅) နှစ်သားလေးရဲ့ဆန္ဒကို ရပ်ကွက်လူထုက ဖြည့်ဆည်းပေး

ဦးနှောက်ကင်ဆာကို တိုက်ဖျက်ဖို့ အဲလက်ဇန်းဒရိုကို ကူညီပေးခဲ့တဲ့ စမ်းသပ်ကုသမှုတွေက အလုပ်မဖြစ်တော့တဲ့အတွက် ရပ်ပစ်လိုက်ရပြီဆိုတာကို နစ်တို့မိသားစုဟာ ပြီးခဲ့တဲ့ (၂) ပတ်က သိခဲ့ရပါတယ်။ အခုဆို သူ့ရဲ့ကင်ဆာရောဂါက ကုသလို့မရတော့ဘူးလို့ အသိမိတ်ဆွေ ပေါလာ ဇိုအာနာကီစ် အန်ဒါဆန်က ပြောပြခဲ့တာပါ။

ကုသလို့မရတော့တဲ့ ကင်ဆာရောဂါသည် (၅) နှစ်သားလေးရဲ့ဆန္ဒကို ရပ်ကွက်လူထုက ဖြည့်ဆည်းပေး

အဲလက်ဇန်းဒရိုရဲ့မိသားစုက သူတို့နဲ့အတူ ရှိနေစဉ် သူ့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ တက်နိုင်သလောက် အရာအားလုံးလုပ်ပေးချင်နေတယ်လို့လည်း ပေါလာ ပြောခဲ့ပါတယ်။ ပေါလာက အဲလက်ဇန်းဒရိုရဲ့အိမ်ကို သွားလည်တော့ မွန်းစတားတွေ မြင်ချင်တယ်၊ Nigara Falls မှာ ရှိတဲ့ သရဲခြောက်တဲ့အိမ်တွေထဲက တစ်ခုကို သွားချင်တယ်ဆိုတဲ့ သူ့ရဲ့ဆန္ဒကို သိခဲ့ရပါတယ်။ ဒါပေမဲ့ ဆရာဝန်က အဲလက်ဇန်းဒရိုကို အပြင်တွေမသွားဘဲ အိမ်မှာပဲ နေဖို့ အကြံပြုထားခဲ့တာပါ။

ကုသလို့မရတော့တဲ့ ကင်ဆာရောဂါသည် (၅) နှစ်သားလေးရဲ့ဆန္ဒကို ရပ်ကွက်လူထုက ဖြည့်ဆည်းပေး

အစကတော့ ပေါလာက သူ့အတွက် ခြံဝင်းထဲမှာ သရဲအိမ်တစ်ခု ဆောက်ပေးဖို့ ဟောလိုးဝင်းအပြင်အဆင်တွေရှာနေခဲ့တာပါ။ ဒါပေမဲ့ Crown Point Community ဖေ့စ်ဘွတ်ခ်မှာ အဲလက်ဇန်းဒရိုရဲ့အကြောင်းကို တင်လိုက်တဲ့အခါမှာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့တုံ့ပြန်မှုကောင်းခဲ့ပါတယ်။ အဲလက်ဇန်းဒရိုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်နေခဲ့ကြပါတယ်။ ရဲတွေ၊ မီးသတ်သမားတွေကလည်း ကူညီပေးခဲ့ကြပါတယ်။ ဟောလိုးဝင်းအပြင်အဆင်မျိုးဖြစ်အောင် မျက်နှာလိမ်းခြယ်ပေးမယ့်သူတွေရယ်၊ ပေါက်ပေါက်ဆုပ်ရောင်းတဲ့ဆိုင်ရယ်၊ အာတာပူစီရောင်းတဲ့ဆိုင်ရယ်အများကြီးပါပဲ။

ကုသလို့မရတော့တဲ့ ကင်ဆာရောဂါသည် (၅) နှစ်သားလေးရဲ့ဆန္ဒကို ရပ်ကွက်လူထုက ဖြည့်ဆည်းပေး

ပေါလာက လူအနည်းငယ်လောက်ပဲ လာမယ်လို့ထင်ခဲ့တာပါ။ လမ်းထဲ လူတွေအပြည့်၊ ကားပါကင်မှာလည်း အပြည့်ပါပဲ။ အဲလက်ဇန်းဒရိုက လူတိုင်းကို လက်ပြနှုတ်ဆက်နေခဲ့ပါတယ်။ သူ့အတွက် လုပ်ပေးခဲ့တယ်ဆိုတာကို သူသိခဲ့ပါတယ်။

ရပ်ကွက်လူထုက အဲလက်ဇန်းဒရိုမိသားစုအတွက် အလှူငွေတွေ စုဆောင်းပေးနိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ နစ်က ပံ့ပိုးကူညီပေးခဲ့ကြတဲ့သူအားလုံးကို ကျေးဇူးတင်ခဲ့ပါတယ်။ ဒီလောက်လူတွေအများကြီး ကူညီပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူးလို့ နစ်က ဆိုပါတယ်။

Ref: 5-year-old Hamilton boy with cancer gets his wish as hundreds dress up for early Halloween

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top