သူ့ရဲ့ကျစ်လျစ်နေတဲ့ ဗိုက်သားကို ထုတ်ပြလိုက်တဲ့ အသက် ၅၃ နှစ်အရွယ် ကိုရီးယားမက်ဒေါနား

23.7.23-yyl-4.jpg

ကိုရီးယားနိုင်ငံရဲ့မက်ဒေါနားအဖြစ် မကြာခဏ တင်စားခေါ်ဝေါ်ခံရတဲ့ အသက် ၅၃ နှစ်အရွယ်အဆိုတော်မင်းသမီး အမ်ဂျန်ဟွာက မကြာသေးခင်ကမှ Gym မှာ ဆော့နေတဲ့ ပုံတစ်ပုံကို ထုတ်ပြခဲ့ပါတယ်။ အဲဒီပုံမှာ သူ့ရဲ့ ကျစ်လျစ်နေတဲ့ဗိုက်သားကို မြင်တွေ့ခဲ့ရပါတယ်။ အသက် ၅၃ နှစ်အရွယ်ရှိနေပြီဖြစ်ပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို အခုလိုဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။

အခုတော့ Six pack မဖြစ်သေးပေမဲ့ မကြာခင် ဖြစ်လာနိုင်ပါတယ်။ ပရိသတ်တွေဆိုရင် သူ့ရဲ့ကျစ်လျစ်နေတဲ့ဗိုက်သားကို မြင်ပြီး ၅၃ နှစ်မှ ဟုတ်ရဲ့လားဆိုပြီး မေးခွန်းထုတ်လို့နေပါတယ်။ သူ့ရဲ့ပရိသတ်တွေကရော အခြားဆယ်လီတွေကပါ သူ့ရဲ့ခန္ဓာကိုယ်ကို သဘောကျနေကြပါတယ်။

သူ Work out ဆက်တိုက်လုပ်ဖြစ်နေပြီး ဗိုက်သားတွေ ကျစ်လျစ်အောင်လုပ်နေတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ တင်ပေးဖြစ်ပါတယ်။ သူက အခုလိုခန္ဓာကိုယ်ဖြစ်အောင် Intermittent fasting (အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း)ကိုလည်း လုပ်ဖြစ်နေတာပါ။

အမ်ဂျန်ဟွာက နာမည်ရှိပြီးသားအဆိုတော်မင်းသမီးဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းတွဲသစ် Doctor Cha က အခုနှစ်ထဲထွက်ရှိထားပါတယ်။

Ref: Korea’s ‘Madonna’ Uhm Jung Hwa Is 53 And Has Washboard Abs

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top