အိမ်ကနေ အလုပ်လုပ်နေရချိန်မှာ ဘေးကင်းလုံခြုံမှု ရှိစေဖို့ အကြံပြုချက်နဲ့ လေ့လာဖတ်ရှုစရာတွေ

Infographic_-Staying-Secure-While-Working-From-Home.jpg

COVID-19 ကြောင့် လူတော်တော်များများ အလုပ်တွေကို အိမ်မှာပြောင်းလုပ်နေရပြီး နည်းပညာပိုင်းကို ပိုပြီး အားထားလာရတဲ့အတွက် Facebook က တစ်ဦးနဲ့တစ်ဦး အဆက်အသွယ်လည်းမပြတ်၊ ဘေးကင်းလုံခြုံမှုလည်း ရှိစေမယ့် ရိုးရှင်းတဲ့ အကြံပြုချက် အနည်းငယ်ကို အားလုံးသိရှိစေဖို့ သတိပေးချင်ပါတယ်။ မကြာသေးခင် ရက်သတ္တပတ်တုန်းက Facebook ရဲ့ ဝန်ဆောင်မှု အသုံးပြုနှုန်းက ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့အဆင့်အထိ ရောက်အောင် မြင့်တက်သွားခဲ့ပါတယ်။ နှစ်သစ်ကူး အကြိုနေ့လိုမျိုး လူတိုင်းလူတိုင်း တစ်ချိန်တည်းမှာ ကိုယ်ချစ်ခင်ရသူတွေကို ဆက်သွယ်ဖို့ ကြိုးစားနေတဲ့ ပွဲတော်ရက်တွေမှာ ပုံမှန် တွေ့ကြုံနေကျ ရေချိန်အမှတ်ကို ကျော်လွန်သွားခဲ့တာပါ။

အောက်မှာ ဖော်ပြထားတဲ့ အကြံပြုချက်တွေအပြင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အဓိက အချက်လေးတွေကို စာဖတ်ပရိတ်သတ်တွေ အလွယ်တကူ ကြည့်ရှုနိုင်အောင် ဖိုင်အရွယ်အစား သိပ်မကြီးတဲ့ သရုပ်ဖော်ပုံအချို့ကိုလည်း ဖော်ပြပေးထားပါတယ်။

မှတ်သားထားရမယ့် အရေးကြီးတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

သင့်ရဲ့ စကားဝှက်ကို လုံခြုံအောင်ထားပါ။

စကားဝှက်တွေကို တစ်ခုနဲ့တစ်ခု မတူအောင် ပေးထားပါ။ အကောင့်အမျိုးမျိုးအတွက် စကားဝှက် တစ်ခုတည်း ပေးထားတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ်ပေးထားတဲ့ စကားဝှက်က ရှုပ်ထွေးပြီး ခန့်မှန်းဖို့ ခက်ရပါမယ်။ ကိုယ့်ရဲ့နာမည်တို့၊ အသုံးများတဲ့ စကားလုံးတွေတို့ မပါပါစေနဲ့။ လုံခြုံရေးအတွက် အားကောင်းတဲ့ စကားဝှက်တစ်ခု ဘယ်လိုပေးရမလဲ ဆိုတာ လေ့လာချင်ရင် Facebook ရဲ့ ကိုယ်ရေးလုံခြုံမှု စစ်ဆေးရေးဆိုင်ရာ နည်းပညာကိရိယာ အကြောင်းမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ကိုယ့်အကောင့်ထဲ ဝင်ရောက်နိုင်တဲ့ အချက်အလက်တွေကို တစ်ခြားသူကို လုံးဝ မပေးပါနဲ့။

ကိုယ့်အကောင့်ထဲကို ဝင်လိုက်တာနဲ့ အသိပေးချက်ရနိုင်မယ့် လုပ်ဆောင်ချက်ကို ဖွင့်ထားပြီး လက်တလော ဝင်ရောက်ထားတဲ့ နေရာတွေကို စစ်ဆေးပါ

တစ်ယောက်ယောက်က ကိုယ်သုံးနေကျမဟုတ်တဲ့စက် ဒါမှမဟုတ် web browser တစ်ခုကနေ ကိုယ့် အကောင့်ကိုဝင်ဖို့ကြိုးစားမယ်ဆိုရင် အသိပေးချက်တစ်ခုရနိုင်မယ့် လုပ်ဆောင်ချက်ကို ဖွင့်ထားပြီး ကိုယ့်ရဲ့ Facebook အကောင့်လုံခြုံရေးကို တိုးမြှင့်နိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ Facebook ရဲ့ ကိုယ်ရေးလုံခြုံမှု စစ်ဆေးရေးဆိုင်ရာ နည်းပညာကိရိယာ အကြောင်းမှာ လေ့လာနိုင်ပါတယ်။ Instagram မှာလည်း အကောင့်အတွက် လုံခြုံရေးအကာအကွယ်တစ်ခု ထပ်ပြီးချထားနိုင်တဲ့ နှစ်ဆင့်ခံ အတည်ပြုစစ်ဆေးခြင်း လုပ်ဆောင်ချက်ကိုလည်း ဖွင့်ထားနိုင်ပါတယ်။ ကိုယ့်ရဲ့ Facebook နဲ့ Instagram အကောင့်တွေ လက်ရှိဖွင့်ထားတဲ့ နေရာတွေကို စစ်ဆေးပါ။ မသုံးတော့တဲ့ စက်ပစ္စည်းတွေထဲမှာ အကောင့်ဝင်ထားရင် ပြန်ထွက်ထားပါ။ လုံခြုံရေး ဆက်တင်များမှာ ဒီ အချက်ကို လုပ်ဆောင်နိုင်ပါတယ်။ အကောင့်ထဲက ကိုယ့်ရဲ့ ဆက်သွယ်ရန် အချက်အလက်တွေက လက်ရှိသုံးနေတဲ့ အချက်အလက်တွေ ဖြစ်ရပါမယ်။ ဒါမှ စကားဝှက် မေ့သွားခဲ့ရင်တောင် အကောင့်ထဲကိုဝင်လို့ရအောင် ကူညီပေးနိုင်မှာပါ။

အွန်လိုင်းပေါ်မှာ ကိုယ်ရေးအချက်အလက် ခိုးယူဖို့နဲ့ လိမ်လည်ဖို့ ကြိုးစားနေသူတွေကို အမြဲ သတိထားပါ

အွန်လိုင်းမှာ လိမ်လှည်လှည့်ဖျားသူတွေဟာ အခုအချိန်မှာ လူအများစိတ်ဝင်စားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်တွေ ဒါမှမဟုတ် ဒီကပ်ရောဂါကို လူအများ ကြောက်လန့်နေတာကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေနိုင်ပါတယ်။ ဒါကြောင့် မသင်္ကာစရာကောင်းတဲ့ လင့်တွေကို နှိပ်ပြီး ဝင်မကြည့်ပါနဲ့။ ပုံမှန်မဟုတ်ဘဲ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တောင်းနေတဲ့ မသင်္ကာစရာ messages တွေကို တိုင်ကြားပေးပါ။ Facebook က ပို့လိုက်တဲ့ အီးမေးလ် ဟုတ်မဟုတ်ကို facebookmail.com ဆိုတဲ့ လိပ်စာနဲ့ ပို့ထားလား ဆိုတာရယ်၊ လုံခြုံရေးနှင့် လော့ဂ်အင်ဝင်ရောက်မှု ဆက်တင်များမှာ Facebook ကနေ လတ်တလော ပို့ထားတဲ့ အီးမေးလ်တွေကိုကြည့်ပြီး စစ်ဆေး ဆုံးဖြတ်နိုင်ပါတယ်။ Instagram မှာလည်း အတူတူပါပဲ။

Instagram ရဲ့ လုံခြုံရေးဆက်တင်မှာ Instagram ကပို့တဲ့ အီးမေးလ်များ ဆိုတဲ့ နေရာကို နှိပ်ပြီး စစ်ဆေးနိုင်ပါတယ်။ သေချာတာတော့ ကျွန်တော်တို့ဟာ အသုံးပြုသူတွေရဲ့ စကားဝှက်ကို ဘယ်တော့မှ အီးမေးလ်ကနေ တောင်းမှာမဟုတ်ပါဘူး။ လိမ်လည်မှုတွေကို ရှောင်ရှားနိုင်ဖို့ လူချင်းမသိတဲ့သူက ဒါမှမဟုတ် သူငယ်ချင်း၊ မိသားစုဝင် တစ်ယောက်ယောက် အရေးပေါ်ဖြစ်နေလို့ဆိုပြီး ပိုက်ဆံတောင်းတာတွေကို သတိထားပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top