ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင် ထောပတ်သီးရဲ့အခြားအသုံးဝင်ပုံများ

yyl-043-6.jpg

လွန်ခဲ့တဲ့နှစ် (၂၀) က ထောပတ်သီးဟာ ကမ္ဘာပေါ်မှာ အာဟာရဓာတ်အများဆုံးအသီးအဖြစ် ဂင်းနက်စ်မှတ်တမ်းထဲ ဝင်ခဲ့ပါတယ်။ ထောပတ်သီးက ကျန်းမာရေးအကျိုးကျေးဇူးတွေရှိသလို အခြားနေရာတွေမှာလည်း အသုံးပြုရင် အတော်လေးအသုံးဝင်ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြပေးမယ့် ထောပတ်သီးရဲ့အခြားအသုံးဝင်ပုံတွေကို လူတော်တော်များများသိကြဦးမှာမဟုတ်ပါဘူးနော်။ ထောပတ်သီးက ဘယ်နေရာတွေမှာ အသုံးဝင်သေးလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

မုတ်ဆိတ်ရိတ်ခရင်မ်

စတိုးဆိုင်တွေမှာ ရောင်းတဲ့မုတ်ဆိတ်ရိတ်ခရင်မ်တွေက ဓာတုဆေးတော်တော်များများပါဝင်ပါတယ်။ ဒါပေမဲ့ ဓာတုဆေးမပါတဲ့၊ သဘာဝမုတ်ဆိတ်ရိတ်ခရင်မ်ကို ကျွန်တော်တို့ကိုယ်တိုင်လုပ်လို့ရပါတယ်။ ထောပတ်သီးတစ်လုံးက အသားရေကို အာဟာရဓာတ်ဖြည့်ပေးတဲ့၊ နူးညံ့စေတဲ့ ဗီတာမင်အေနဲ့ အီဓာတ်တွေပါဝင်ပါတယ်။

ပြုလုပ်နည်း

မှည့်တဲ့ထောပတ်သီးတစ်လုံးကို နှစ်ပိုင်းပိုင်းပြီး အစေ့ကို ဖယ်ထုတ်လိုက်ပါ။ အနှစ်ဖြစ်သွားအောင် ဖျော်စက်ထဲထည့်ပါ။ ထောပတ်သီးအနှစ်ရသွားပြီဆိုရင် ခါတိုင်းမုတ်ဆိတ်ရိတ်ခရင်မ်လို့ပဲ အသုံးပြုလို့ရပါပြီ။ သုံးပြီးသွားရင်တော့ ရေခဲသေတ္တာထဲထည့်ထားဖို့ မမေ့ပါနဲ့နော်။

နှုတ်ခမ်းပေါင်းတင်ခရင်မ်

နှုတ်ခမ်းရဲ့အရေပြားက အရမ်းပါးတဲ့အတွက် အရေးအကြောင်းတွေအလွယ်တကူဖြစ်နိုင်ပါတယ်။ ထောပတ်သီးက နှုတ်ခမ်းသားကိုနူးညံ့စေတဲ့ အိုလီအစ်အက်ဆစ် (Oleic Acid) ပါဝင်ပါတယ်။ ထောပတ်သီးနဲ့ ပေါင်းတင်နှုတ်ခမ်းပေါင်းတင်ခရင်မ်ပြုလုပ်လို့ရပါတယ်။

ပြုလုပ်နည်း

ထောပတ်သီးအနှစ်အနည်းငယ်နဲ့ သံလွင်ဆီ (စားပွဲတင်ဇွန်း (၁) ဇွန်း) တို့ကိုရောစပ်လိုက်ပြီး သမအောင်မွှေလိုက်ပါ။ အဲဒီနောက် နှုတ်ခမ်းမှာလိမ်းလိုက်ပြီး (၂၅) မိနစ်လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ ဒီနည်းကို တစ်ပတ် (၂) ကြိမ်လောက် ပြုလုပ်ပေးသင့်ပါတယ်။

အကြောပျက်တာကို ကုသပေးခြင်း

ထောပတ်သီးကို အသုံးပြုပြီး အရေပြားအကြောပျက်တာတွေကို ဖယ်ရှားလို့ရပါတယ်။ ထောပတ်သီးက အသားရေကို တင်းရင်းစေပြီး အကြောပျက်တာကို လျော့ချပေးတဲ့ ဗီတာမင်စီနဲ့ အီပါဝင်ပါတယ်။

ပြုလုပ်နည်း

ထောက်ပတ်သီးအနှစ်နဲ့ အယ်မွန်ဆီ (စားပွဲတင်ဇွန်း (၂) ဇွန်း) တို့ကိုရောစပ်လိုက်ပါ။ အဲဒီနောက်မှာ အကြောပျက်တဲ့နေရာတွေကို ထောပတ်သီးခရင်မ်လိမ်းပြီး နှိပ်နယ်ပေးပြီး (၃၅) မိနစ်လောက် အချိန်ပေးလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ သန့်စင်ပေးပါ။ တစ်ပတ်ကို (၂-၃) ကြိမ်လောက် ပြုလုပ်ပေးလို့ရပါတယ်။

မျက်လုံးအောက်တွေကို ကုသပေးခြင်း

မျက်လုံးအောက်မှာ အရစ်တွေ၊ မျက်အိတ်တွေက သွေးလည်ပတ်မှုအားနည်းတဲ့အတွက်ကြောင့် ပေါ်လာတာဖြစ်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်တွေက ဒီပြဿနာတွေကို လျော့ချပေးဖို့ ကူညီပေးနိုင်ပါတယ်။

ပြုလုပ်နည်း

ထောပတ်သီးအနှစ်အနည်းငယ်နဲ့ သခွားသီး (၄) စိပ်တို့ကို ဖျော်စက်ထဲထည့်ပြီး ရောနှောလိုက်ပါ။ အရောအနှောကို တစ်နာရီလောက် ရေခဲသေတ္တာထည့်ပြီး အေးသွားအောင်ထားပါ။ အဲဒီနောက် မျက်လုံးအောက်မှာ အရောအနှောတွေကို လိမ်းလိုက်ပြီး (၂၅) မိနစ်လောက်ထားပါ။ ဒီနည်းကို မနက်တိုင်းလုပ်ပေးနိုင်ပါတယ်။

Foot scrub

ခြေထောက်ကြမ်းတမ်းတာ၊ ခြေဖနောင့်အက်ကွဲတာတွေဖြစ်နေရင်တော့ ခြေထောက်ကို ထောပတ်သီးနဲ့ ပေါင်းတင်မယ်ဆိုရင် ခြေထောက်လေးနူးညံ့သွားပါလိမ့်မယ်။

ပြုလုပ်နည်း

ဆား (စားပွဲတင်ဇွန်း (၁) ဇွန်း)၊ သကြား (စားပွဲတင်ဇွန်း (၁) ဇွန်း)၊ လိမ္မော်ဆီ (၂) စက်၊ ထောပတ်သီးတစ်ဝက်တို့ကို ရောစပ်လိုက်ပါ။ ရေချိုးတဲ့အခါ အဲဒီအရောအနှောနဲ့ ခြေထောက်ကို ပွတ်တိုက်နှိပ်နယ်ပေးပြီး (၁၀-၁၅ မိနစ်) လောက်ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပြီး ခြေအိတ်ဝတ်ပေးပါ။ ဒီနည်းကို တစ်ပတ် (၂) ကြိမ်ပြုလုပ်ပေးလို့ရပါတယ်။

Ref: Avocado Uses We Wish We Knew Sooner

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top