တိုင်တန်းနစ်သင်္ဘောပျက်ကို သွားရောက်ကြည့်ရှုစဥ် ပေါက်ကွဲပျက်စီးခဲ့တဲ့ Titan ရေငုပ်သင်္ဘောငယ်ဟာ အရင်တစ်ခါတုန်းကလည်း ဟန်ချက်ပျက်ပြီး ရေအောက်မှာ စက်ဝိုင်းပုံ ပတ်ချာလည်ခဲ့တယ်လို့ ပိုင်းလော့ဟောင်းတစ်ယောက်က ဆိုပါတယ်။
ရေငုပ်သင်္ဘောထဲမှာ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းအရ Titan ရေငုပ်သင်္ဘောငယ်ဟာ ပတ်ချာလည်နေပြီး ပိုင်းလော့ စကော့ဂရစ်ဖစ်က ” ကျုပ်တို့တော့ ဒုက္ခရောက်ပြီ”လို့ ပြောခဲ့တာ တွေ့ရပါတယ်။
တိုင်တန်းနစ်သင်္ဘောပျက်ဆီကိုရောက်ဖို့ မီတာ ၃၀၀ ပဲ ကွာဝေးတော့တဲ့အချိန် ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၁၂၅၀၀ မှာအင်ဂျင်နှစ်လုံး ဆန့်ကျင်ဘက်အရပ်ကို ဦးတည်လည်ပတ်ခဲ့လို့ ရေငုပ်သင်္ဘောငယ် ပတ်ချာလည်နေခဲ့ပြီး OceanGate ကို တည်ထောင်သူ စတော့တန်ရက်ရှ်က ထိန်းချုပ်သင်္ဘောပေါ်ကနေ ပြင်ဆင်နေချိန် ရေငုပ်သင်္ဘောပေါ်မှာ လိုက်ပါခဲ့သူ ၅ ဦးဟာ နာရီပေါင်းများကြာ ပိတ်မိခဲ့ပါတယ်။
Titan ရေငုပ်သင်္ဘောငယ် ရေမျက်နှာပြင်ပေါ် ပြန်တက်လာနိုင်ချိန်မှာ လုပ်သားတစ်ယောက်က ” စမ်းသပ်ဖို့ လိုအပ်နေသေးတယ်။ Titan က အန္တရာယ်များတယ်”လို့ သတိပေးခဲ့ပေမဲ့ စတော့တန်ရက်ရှ်ကတော့ သူ့ရဲ့ သတိပေးချက်ကို ပယ်ချခဲ့တာပါ။
Ref: Titanic submersible spun out of control on prior dive with panicked passengers stuck onboard
NZ (ရိုးရာလေး)