ရောဂါအကာအကွယ်ပစ္စည်းတွေဝတ်ရလွန်းလို့ မျက်နှာမှာ အနာတရဖြစ်နေရတဲ့ ဝူဟန်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ

yyl-050.jpg

ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တိုးလာတာနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း မနားတမ်းကုသမှုတွေ လုပ်ဆောင်နေကြရပါတယ်။ အခုလို ကြိုးစားကုသမှုတွေ ပြုလုပ်နေရတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ဘယ်လိုအကျိုးဆက်တွေ စတင်ခံစားရမလဲဆိုတာ ပြောပြစရာတောင် မလိုလောက်ဘူးထင်ပါတယ်။ လူမှုကွန်ယက်အကောင့်တွေနဲ့ သတင်းဌာနတွေက မျှဝေနေတဲ့ ပုံတွေမှာလည်း သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကို နည်းနည်းထိခိုက်လာတာကို တွေ့ရပါတယ်။

ဝူဟန်မြို့က မနားတမ်းကြိုးစားလုပ်ကိုင်နေကြတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့မျက်နှာမှာ အနာတရဖြစ်နေကြပါတယ်။ လူမှုကွန်ယက်နဲ့ သတင်းဌာနတွေမှာ မျှဝေထားတဲ့ အဲဒီပုံတွေနဲ့အတူ ဝူဟန်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ လက်ရှိမှာတော့ မရပ်မနားကို အလုပ်လုပ်နေကြရတယ်လို့ ပြောပါတယ်။ ပုံတွေထဲမှာ အမျိုးသား၊ အမျိုးသမီး ဆေးဝန်ထမ်းလေးတွေကို သူတို့ရဲ့အရေပြားမှာ အချိုင့်၊ အခွက်တွေဖြစ်နေတာကို မြင်တွေ့ရမှာပါ။ ရောဂါအကာအကွယ်Mask တွေကို တင်းကျပ်စွာ ဝတ်ဆင်ရတာကြောင့် အခုလို အနာတရတွေဖြစ်ရတာဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတော်တော်များများက အလုပ်ကြောင့်အရမ်းပင်ပန်းရပြီး နောက်ထပ်(နေ့/ည)ဆိုင်းတွေမဝင်ခင်မှာ ဆေးရုံထိုင်ခုံတွေနဲ့ ကြမ်းပြင်တွေမှာ မကြာခဏအိပ်ခဲ့ရတဲ့ နေ့တွေရှိတယ်လို့ ပြောပါတယ်။ ဆေးအဖွဲ့က ထမင်းစားဖို့နဲ့ အိမ်သာသွားဖို့ အချိန်မရှိလောက်အောင် အရမ်းအလုပ်ရှုပ်နေရပါတယ်။ လက်ရှိမှာတော့ ရောဂါကူးစက်မှုကိုကာကွယ်ဖို့အတွက် လေးလံတဲ့ အကာအကွယ် ပစ္စည်းတွေလည်း ဝတ်ဆင်နေရတယ်လို့ တရုတ်ပြည်တွင်းသတင်းဌာနတွေက ဆိုပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံနေရသူ (၂၈,၀၀၀) ကျော်ရှိပြီး သေဆုံးသူဦးရေက (၆၁၈) ဦးထိတိုးလာခဲ့ပါတယ်။ ဝူဟန်မြို့က ဆေးရုံတွေကလည်း ရောဂါကူးစက်ခံရတဲ့လူနာ ထောင်ပေါင်းများစွာအတွက် ကုတင်လုံလောက်အောင်လုပ်ဖို့လည်း ရုန်းကန်နေကြရတယ်လို့ သိရပါတယ်။

Ref: Medical Staff In Wuhan Pictured With Dents And Sores From Protective Gear

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top