စေတန်ရဲ့ ဂြိုလ်အရံလ တိုင်တန်ပေါ်တွင် သက်ရှိ ဖြစ်ထွန်းနိုင်ဖွယ်တွေ့ရှိ

Titan_poster.svg_.png

သိပ္ပံစိတ်ကူးယဉ် ဇတ်ကားတွေလို ဂြိုလ်သားတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သုတေသန ပညာရှင်တွေက စေတန်ရဲ့ အကြီးဆုံးလဖြစ်တဲ့ တိုင်တန်ပေါ်မှာ သက်ရှိဖြစ်ထွန်းနိုင်တဲ့ အခြေအနေတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။

ဗိုင်းနယ်လ်ဆိုင်ရာနိုက် (vinyl cyanide) ဟာ ရှုပ်ထွေးတဲ့ သဘာဝ မော်လီကျူး တစ်ခုဖြစ်ပြီး ဆဲလ်အမြှေးပါးပုံစံ အလုံးလေးတွေ ဖြစ်ပါတယ်။ ဒီ မော်လီကျူးလေးတွေဟာ တိုင်တန်ပေါ်မှာ ပမာဏ တော်တော်များများ ရှိနေကြောင်း ချီလီနိုင်ငံ (Chile) က Atacama Large Millimeter Array လို့ခေါ်တဲ့ ရေဒီယို တယ်လီစကုတ် အုပ်စုက တိုင်းထွာရရှိပါတယ်။

တိုင်တန်ဟာ ကမ္ဘာရဲ့လနဲ့ မာကျူရီထက် ပိုကြီးမားပြီး နေအဖွဲ့အစည်းအတွင်းမှာလည်း ထူးခြားတဲ့ ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ နိုင်ထရိုဂျင်၊ မီသိန်းဓာတ်ငွေ့တွေနဲ့ လွှမ်းခြုံထားတဲ့တိမ်တွေနဲ့ သိပ်သည်းတဲ့ လေထုရှိတဲ့ တစ်ခုတည်းသောလ ဖြစ်ပါတယ်။ သူ့ရဲ့လေထုသိပ်သည်းဆဟာ ကမ္ဘာထက် ၆ဝ ရာခိုင်နှုန်း ပိုများပါတယ်။ နာဆာ (NASA) ရဲ့ အဆိုအရ ရေကူးကန်အောက်ခြေမှာ နေရသလို ခံစားချက်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့လေထုပုံစံဟာ ကမ္ဘာအစတုန်းက လေထုပုံစံလိုပါပဲ။ တိုင်တန်မှာ ကမ္ဘာလိုမျိုးပဲ မျက်နှာပြင်ပေါ်မှာ အရည်တည်ရှိမှုပုံစံတွေ ရှိပါတယ်။ သူ့ရဲ့ရေထုထဲမှာ အီသိန်းနဲ့ မီသိန်းပါဝင်မှု များပြားတာကြောင့် ငွေ့ရည်ဖွဲ့ပြီး တိမ်တွေ အမြဲဖြစ်ပေါ်နေကာ မိုးရွာသွန်းမှုတွေကို ဖြစ်ပေါ်နေပါတယ်။ ဒီမျက်နှာပြင်ပုံစံဟာ ဗိုင်းနယ်လ်ဆိုင်ရာနိုက် (Vinyl Cyanide) တွေကို တစ်ခုနဲ့တစ်ခု ပေါင်းစပ်စေပြီး ဆဲလ်အသစ် ဖွံ့ဖြိုးစေနိုင်ပါတယ်။

နာဆာရဲ့ Goddard Space Flight Centerက သုတေသနပညာရှင် မော်ရန်ပယ်လ်မာ (Maureen Palmer) က ဒီလိုမျိုး ပတ်ဝန်းကျင်တစ်ခုမှာ ဗိုင်းနယ်လ်ဆိုင်ရာနိုက်တွေ တည်ရှိနေတဲ့ပုံစံဟာ ကမ္ဘာပေါ်မှာ သက်ရှိဖြစ်ပေါ်မှုနဲ့ ဆင်တူတဲ့ ဓာတုနည်းစနစ်တွေရဲ့ ထူးခြားတဲ့ ဖြစ်နိုင်ချေဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်တန်မှာ မြေအောက် သမုဒ္ဒရာတွေရှိမယ်လို့လည်း ခန့်မှန်းထားပြီး နာဆာဟာ AVIATR လို့ခေါ်တဲ့ ယာဉ်တစ်မျိုးနဲ့ ရေငုပ်သင်္ဘောတစ်စီးကို တိုင်တန်ရဲ့ ပင်လယ်တွေ ရှာဖွေ ဖော်ထုတ်နိုင်ဖို့ စေလွှတ်ထားပါတယ်။ စေတန်ပေါ်က အရည်ပျော်နေတဲ့ မီသိန်းဓာတ်ငွေ့တွေနဲ့ နေထိုင်ဖို့ ပတ်ဝန်းကျင်သစ်တစ်ခု ဖန်တီးနိုင်မလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။

Ref: CNN; “How life may find a way on Saturn’s moon”

Sophia (yoyarlay)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top