တိုက်တန်းနစ်ဇာတ်ကားကို ကျော်ပြီး (၇) ကားမြောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်လာတဲ့ Top Gun: Maverick

8-8-2022-yyl03.jpg

အခုဆို မင်းသားကြီး တွမ်ခရုစ် ပါဝင်ထားတဲ့ Top Gun: Maverick ဇာတ်ကားက အမေရိကန်ပြည်တွင်း Box Office မှာ တိုက်တန်းနစ်ဇာတ်ကားကို ကျော်ဖြတ်ပြီး (၇) ကားမြောက်ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားဖြစ်လာပါပြီ။

ဒီဇာတ်ကားဟာ ထွက်ရှိကတည်းက ရုံဝင်ကြေး ကန်ဒေါ်လာ ၆၆၂ သန်း ရရှိခဲ့တာပါ။ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ တိုက်တန်းနစ်ဇာတ်ကားကတော့ ရုံဝင်ကြေး ကန်ဒေါ်လာ သန်း ၆၀၀ ဝင်ခဲ့တာပါ။ Top Gun: Maverick က ကမ္ဘာ့တစ်ဝှမ်းမှာ ရုံဝင်ကြေး ကန်ဒေါ်လာ ၁.၂၈၈ ဘီလျံဝန်းကျင်နဲ့ ၂၀၂၂ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားလည်းဖြစ်ပါတယ်။

Top Gun- Maverick က ပြည်တွင်း Box Office မှာ လက်မှတ်ရောင်းချမှု ကန်ဒေါ်လာ ၆၇၈ သန်း ရရှိခဲ့တဲ့ Avengers: Infinity War ဇာတ်ကားရဲ့စံချိန်နားနီးကပ်နေပါပြီ။ Streaming ဝန်ဆောင်မှုတွေရှိနေတဲ့ခေတ်၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ခေတ်မှာတောင် ဒီဇာတ်ကား စပြီးရုံတင်တဲ့အပတ်မှာ ရုံဝင်ကြေး ကန်ဒေါ်လာ ၂၄၈ သန်း ဝင်ခဲ့တာပါ။

Top Gun- Maverick ဇာတ်ကားက အကောင်းဆုံးဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်တဲ့ ကွမ်တင် တာရန်တီနိုဆီက အသိအမှတ်ပြုမှုလည်း ရရှိခဲ့ပါတယ်။ အဲဒီဇာတ်ကားကို အရမ်းကြိုက်ပြီး အရမ်းကောင်းတယ်လို့ ရုပ်ရှင်ရုံမှာ ကြည့်ခဲ့ရတဲ့ ဒါရိုက်တာ ကွမ်တင်က ဆိုပါတယ်။

Ref: Ladbible “Top Gun: Maverick has overtaken Titanic to become the seventh highest grossing film of all time”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top