ကိုဗစ်ကာကွယ်ဆေးထိုးနှံခဲ့ပြီးနောက် ဒေါ်လာ ၁ သန်း ပိုင်ဆိုင်သွားခဲ့တဲ့ သြစတြေးလျအမျိုးသမီး

11-8-2021yyl1.jpg

သြစတြေးလျအမျိုးသမီးတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပြီးတဲ့နောက်မှာတော့ ဒေါ်လာ ၁ သန်းတန်ဆုကြီးကိုပိုင်ဆိုင်ကာ ချမ်းသာသွားခဲ့ပါတယ်။ ဂျိုအာနယ် ကျူ (Joanne Zhu) ဆိုတဲ့ အမျိုးသမီးက ကာကွယ်ဆေးထိုးနှံတဲ့သူတိုင်း ဆုကြီး ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးရှိတဲ့ကံစမ်းမှုမှာ ပါဝင်ခဲ့တာပါ။

သန်းပေါင်းများစွာသော သြစတြေးလျနိုင်ငံသားတွေက ကာကွယ်ဆေးထိုးနှံဖို့အတွက် အစိုးရရဲ့ဖုန်းခေါ်ဆိုမှုကို ဖြေကြားပေးရပြီး သူတို့အားလုံးက ဘဝကို ပြောင်းလဲသွားစေမယ့် ဆုတစ်ဆုအတွက် ကံစမ်းမဲအစီအစဉ်ထဲ ဝင်ရောက်ဖို့ အခွင့်အရေးရရှိခဲ့ကြပါတယ်။ ဒေါ်လာ ၁ သန်းက ကာကွယ်ဆေးထိုးတဲ့ သြစတြေးလျနိုင်ငံသားဘယ်သူမဆို ရရှိနိုင်မယ့် ကမ်းလှမ်းချက်ဖြစ်ပြီး အဲဒီသူတွေထဲက ဒေါ်လာ ၁ သန်းပိုင်ဆိုင်သွားခဲ့တဲ့ ကံထူးရှင်ကို သီတင်းပတ်ကျော်က ကြေညာခဲ့ပါတယ်။ ဂျိုအာနယ် ကျူက ကံထူးရှင်ဖြစ်ခဲ့ပြီး မယုံကြည်နိုင်လောက်စရာကောင်းတဲ့ ဆုလာဘ်ကို ရရှိသွားခဲ့တာပါ။

ဒီဆုကို သြစတြေးလျနိုင်ငံသားတွေ ကာကွယ်ဆေးထိုးလာအောင် ကြိုးပမ်းတဲ့အနေနဲ့ ပရဟိတအဖွဲ့နဲ့ ကုမ္ပဏီတွေက ဖန်တီးခဲ့တာပါ။ Million Dollar Vax Alliance က လူသုံးသန်းနီးပါးဟာ သူတို့ရဲ့နာမည်တွေကို စာရင်းသွင်းထားတာတွေ့ရပေမဲ့ ဂျိုအာနယ်က အရေးကြီးတဲ့ခေါ်ဆိုမှုအားလုံးကို လက်ခံဖြေကြားနိုင်ခဲ့တဲ့သူဖြစ်ခဲ့ပါတယ်။

ဂျိုအာနယ်က အလုပ်မှာ ရောက်နေတဲ့အတွက် သူဟာ ကံထူးရှင်ဖြစ်တယ်ဆိုတာကို ပြောပြလာတဲ့ ပထမဆုံးဖုန်းခေါ်ဆိုမှုကို မကိုင်လိုက်ရဘူးလို့ ဆိုပါတယ်။ “အဲဒါနဲ့ကျွန်မ သူတို့ကိုပြန်ခေါ်တော့ သူက “အိုး၊ မင်း ဒေါ်လာတစ်သန်း ရတယ်။ မင်းက ဩစတေးလျမှာ တစ်ယောက်တည်းသောသူပါပဲလို့ ပြောခဲ့တယ်” လို့ ဂျိုအာနယ်က ပြောပါတယ်။ ရရှိခဲ့တဲ့ငွေတွေနဲ့ လုပ်မယ့်အစီအစဉ်တွေကိုလည်း ထုတ်ပြောပြခဲ့ပါတယ်။

“နယ်စပ်ဖွင့်ရင် တရုတ်နှစ်သစ်ကူးအတွက် ကျွန်မရဲ့မိသားစုကို ပထမတန်းစားကနေ လေယာဉ်စီးပြီး တရုတ်နိုင်ငံကနေခေါ်သွားချင်ပြီး ကြယ်ငါးပွင့်ဟိုတယ်မှာလည်း တည်းစေချင်တယ်။ ကျွန်တော့်မိသားစုအတွက် လက်ဆောင်တွေဝယ်ပေးပြီး ကျန်တဲ့ငွေတွေအားလုံးကို ရင်းနှီးမြုပ်နှံမယ်။ ဒါမှ အနာဂတ်မှာ ငွေပိုရှာနိုင်ပြီး အကူအညီလိုအပ်တဲ့သူတွေကို ကူညီနိုင်မယ်”လို့ ဆိုပါတယ်။

ဒေါ်လာ ၁ သန်း ဆုအပြင် Million Dollar Vax က ဒေါ်လာ ၁ သန်းပါတဲ့ လက်ဆောင်ကတ် ၁၀၀ ကိုလည်း ပေးအပ်ခဲ့ပါတယ်။ ကတ်တွေကိုတော့ အောက်တိုဘာတစ်လျှောက်လုံး ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီကမ်ပိန်းက သြစတြေးလျနိုင်ငံသား ၈၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ အကူအညီပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုမှတ်တမ်းတင်ခံခဲ့ရပါတယ်။

Million Dollar Vax ရဲ့ ခရိတ် ဝစ်ခ်လာ (Craig Winkler) ကလည်း “ကမ်ပိန်းရဲ့အောင်မြင်မှုအတွက် ကျွန်တော်တို့အားလုံး မယုံနိုင်လောက်အောင် ဂုဏ်ယူနေကြပါတယ်၊ နောက်ဆုံးမှာ အနိုင်ရသူကို ကြေညာလိုက်တာ အရမ်းကောင်းပြီး သူတို့ရဲ့ တုံ့ပြန်မှုကို ကြားရတာ တကယ့်ကို အဖိုးမဖြတ်နိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Ref: Ladbible “Australian Woman Wins $1 Million Just For Getting A Covid-19 Vaccine”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top