Fight My Way ဇာတ်လမ်းတွဲက ဂျူဒိုအကျော်အမော် ဇနီးမောင်နှံ ရဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်းပေါ်အခြေခံ

ff.jpg

Fight My Way ဇာတ်လမ်းတွဲ ရဲ့ စာရေးဆရာ Lim Sang Chun က “ဒီဇာတ်ညွှန်းကိုရေးရတဲ့ အကြောင်းရင်းက ဂျူဒို ၊ ကရာတေး အကျော်အမော်ဖြစ်တဲ့ ချူဆန်ဟွန်း နှင့်ဇနီးဖြစ်သူတို့ကြောင့်ဖြစ်တယ်လို့” ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ချူဆန်ဟွန်း ပြိုင်ပွဲတွေပြိုင်နေစဉ် ဒဏ်ရာရချိန်တိုင်း ငိုနေတဲ့ သူ့ရဲ့ဇနီးမျက်ရည်တွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ် လို့ စာရေးဆရာက ပြောပါတယ်။ ဒီဖြစ်ရပ်က တဆင့် ချူဆန်ဟွန်းလိုမျိုး သွေးအေးအေးနဲ့ ယှဉ်ပြိုင် ထိုးသတ်မှုတွေ လုပ်နေတဲ့ အားကစားသမားတေ ြနောက်ကွယ်မှာ စိုးရိမ်ပူပန်နေရတဲ့ မိသားစုနဲ့ကလေးတွေရှိတယ် ဆိုတာ သူသဘောပေါက် နားလည်လိုက်ပါတယ်။

လူတွေ အမြင်မှာ သွေးအေးသတ္တဝါဖြစ်နေတဲ့ ချူဆန်ဟွန်းတို့လို လူတွေမှာလည်း ချစ်တတ်တဲ့ နှလုံးသားနွေးနွေးတွေရှိကြောင်း ပရိသတ်ကို ချပြချင်တာကြောင့် ဒီဇာတ်လမ်းတွဲကို ရေးခဲ့ခြင်းဖြစ်ပါတယ်လို့ စာရေးဆရာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ref: koreaboo: Popular K-Drama “Fight My Way” Was Based On A Real-Life Couple

MayMoe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top