America’s Got Talent ကွာတားဖိုင်နယ်မှာ နောက်တဆင့်တက်လှမ်းခွင့်မရခဲ့ပေမယ့် တစ်ကမ္ဘာလုံးသိအောင်လုပ်ပြနိုင်ခဲ့တဲ့ Junior Creative

yyl-009-3.jpg

2018 Myanmar Got Talent ရဲ့ ပထမဆုရှင် Junior Creative က မြန်မာကိုယ်စားပြုအနေနဲ့ America’s Got Talent: the Champion Season 2 ကွာတာဖိုင်နယ်ကို သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ Junior Creative က”ငြိမ်းငြိမ်းချမ်းချမ်းနေနေရတဲ့ မိသားစုလေးတစ်စုက ပဋိပက္ခတွေ၊ စစ်ပွဲတွေကြောင့် သားသမီးတွေ မိဘတွေနဲ့ ကွဲကွာ‌ခဲ့ရတယ်၊ မောင်နှမသားချင်းတွေ ဝေးကွာခဲ့ရတယ်၊ ဒါပေမယ့် ကြီးပြင်းလာတဲ့အခါ သူမ ခံစားခဲ့ရသလို ကြုံတွေ့နေတဲ့ တခြားသူတွေအပေါ် စာနာနားလည်ပြီး အပြန်အလှန် ကူညီရိုင်းပင်း‌နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းလေး”ကို ပုံဖော်ကပြထားတဲ့ Shadow Performanceနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

Junior Creative က မြန်မာနိုင်ငံသားတွေ ဂုဏ်ယူစရာကောင်းအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ Simon အပါအဝင် Judge တွေဆီကနေ ကောင်းတဲ့မှတ်ချက်တွေရခဲ့ပြီး ရလဒ်က ကျေနပ်စရာကောင်းခဲ့ပေမဲ့ ကွာတာဖိုင်နယ်မှာတင် ဆုနဲ့လွဲချော်ပြီး အိမ်ပြန်ခဲ့ရပါတယ်။

ဒါပေမဲ့ Junior Creativeက မြန်မာနိုင်ငံရဲ့အားပေးမှုအပြင် တစ်ကမ္ဘာလုံးရဲ့ တွစ်တာ၊ အင်စတာဂရမ်၊Youtubeတွေမှာ Junior Creative ကို အခုမှစသိတဲ့သူတွေကပါ သူတို့ရဲ့ Performane Video ကို Share ခဲ့ကြပါတယ်။ နိုင်ငံတာကာက လူမှုကွန်ယက်တွေမှာလည်း အမေရိကန်ကော အာရှနိုင်ငံတွေကပါ Junior Creative ကို နောက်တဆင့်တက်စေချင်တဲ့ ကွန်မန့်တွေလည်း ပေးခဲ့ကြပါတယ်။

“ဒီမှာတင်ရပ်တန့်သွားမှာမဟုတ်ဘဲ နောက်ထပ် International Got Talent တွေ World’s Biggest Stage တွေမှာ ယှဉ်ပြိုင်ရင်း မြန်မာ့အလံကို ကမ္ဘာမှာ စိုက်ထူသွားမှာပါ”လို့ Junior Creative က ဆိုပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အခုလိုကြိုးစားယှဉ်ပြိုင်ပေးခဲ့တဲ့အတွက် Junior Creative ကို ရိုးရာလေးက ဂုဏ်ယူဝမ်းမြောက်မိပါတယ်နော်။ ကွာတာဖိုင်နယ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ Junior Creativeရဲ့ Shadow Performace ဗီဒီယိုကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့တင်ပေးလိုက်ရပါတယ်။

Source – Junior Creative’s FB Page

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top