WLC ပွဲဦးထွက်မှာ အနိုင်ရခဲ့တဲ့ ပြင်သစ်လက်ဝှေ့မယ် မန်ဖရက်ဒီ

ဩဂုတ်လ ၂ ရက်နေ့က မန္တလေးမြို့ရဲ့ မန္တလာသီရိ အားကစားရုံမှာ ယှဉ်ပြိင်ထိုးသတ်ခဲ့တဲ့ WLC-9: King of Nine limbs လက်ဝှေ့ပြိုင်ပွဲရဲ့ တစ်ခုတည်းသော အမျိုးသမီးတွဲဆိုင်းဖြစ်တဲ့ ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်)နဲ့ အဲယာနက် (ကမ္ဘောဒီးယား)တို့ တွဲဆိုင်းမှာ မန်ဖရက်ဒီက အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ပထမအချီမှာ ခမာလက်ဝှေ့မယ် အဲယာနက်ထက် ပြင်သစ်လက်ဝှေ့မယ် မန်ဖရက်ဒီက အသာစီးယူ ထိုးသတ်နိုင်ခဲ့ပါတယ်။ မန်ဖရက်ဒီက ဒူး၊ တံတောင်၊ ခေါင်း၊ လက်သီးတွဲလုံး၊ အချိတ်၊ အလဲတွေ သုံးသွားခဲ့ပြီး အဲယာနက်ရဲ့ ဘယ်ဝိုက်လက်သီးနဲ့ ညာလက်သီးတွေကလည်း မန်ဖရက်ဒီကို ထိမှန်ခဲ့ပါတယ်။

ဒုတိယအချီမှာ မန်ဖရက်ဒီရဲ့ ဘယ်ဝိုက်လက်သီးကြောင့် အဲယာနက် ယိုင်ထွက်သွားခဲ့ပေမဲ့ မန်ဖရက်ဒီက နောက်ထပ် တိုက်စစ်တွဲလုံးနဲ့ ပွဲဖြတ်ဖို့ တုံ့နှေးခဲ့လို့ အခွင့်အရေးကောင်း ဆုံးရှုံးခဲ့ပါတယ်။

နောက်ဆုံးအချီမှာ အဲယာနက်ရဲ့ ဖြောင့်လက်သီးတွေက မန်ဖရက်ဒီကို ထိမှန်ခဲ့သလို မန်ဖရက်ဒီရဲ့ ညာလက်သီး၊ ဒူးတိုက်၊ တံတောင်ရိုက် တွဲလုံးကလည်း ထိချက်ပြင်းခဲ့ပါတယ်။ ၃ ချီပြီးလို့ အမှတ်နဲ့ ဆုံးဖြတ်ရာမှာ ပြင်သစ်လက်ဝှေ့မယ် မန်ဖရက်ဒီ အမှတ်နဲ့ အနိုင်ရခဲ့ပြီး သူ့ရဲ့ WLC ပွဲဦးထွက် လှပခဲ့ပါတယ်။

Photos – TH

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top