၂၀၀၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကိုရီးယားရဲ့ အသက်အငယ်ဆုံး အိုင်ဒေါများ

idol2.jpg

၁။ Kim Hyang Gi

 

Kim Hyang Gi က အသက် ၆ နှစ်ကစတင်ပြီး သရုပ်ဆောင်လောကထဲဝင်ခဲ့တာပါ။ “A Werewolf Boy”ဇာတ်ကားမှာ စတင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ “Along With the Gods: The Two Worlds” ဇာတ်ကားနဲ့ကြည့်ရှုသူအများဆုံးစံချိန်တင်ခဲ့ပါတယ်။

၂။ Kim Sae Ron

“The Man from Nowhere”ဇာတ်လမ်းတွဲကနေ စတင်ကျော်ကြားလာတဲ့ KimSaeRon က MBC Music Core မှာလည်းအစီအစဉ်တင်ဆက်သူ တစ်ယောက်ပါ။ im Yoo Jung နှင့် Red Velvet အဖွဲ့ဝင် Yeri တို့နဲ့လည်းသူငယ်ချင်းဖြစ်တာကြောင့် သူမကို လူသိများကြပါတယ်။

၃။ Wanna One အဖွဲ့ဝင် Bae Jinyoung

 

Bae Jinyoung ပါဝင်တဲ့ Wanna One အဖွဲ့က K-Pop လောကကို လှိုင်းဂယက်တုန်ခါစေခဲ့ပါတယ်။ ဒီဇင်ဘာအကုန်မှာ Wanna One အဖွဲ့သာဖျက်သိမ်းခဲ့ရင် Bae Jinyoung က C 9 Entertainment နှင့်ပြန်လည်လက်တွဲသွားမှာပါ။

၄။ PRISTIN အဖွဲ့ဝင် Xiyeon

Xiyeonကကလေးသရုပ်ဆောင်အနေနဲ့ပထမဆုံးအနုပညာခြေလှမ်းစခဲ့တာပါ။အဲ့အချိန်တည်းကစပြီးသီချင်းတွေကိုကိုယ်တိုင်ထုတ်လုပ်တယ်လို့နာမည်ကျော်ကြားတဲ့ PRISTIN အဖွဲ့နဲ့လက်တွဲခဲ့ပါတယ်။

၅။ NCT အဖွဲ့ဝင် Haechan

 

NCT ရဲ့ အခွဲတွေဖြစ်တဲ့ NCT 127 နှင့် NCT Dream တို့မှာ တေးသံရှင်တစ်ဦး အဖြစ်ရပ်တည်နေသူပါ။ NCT က ၂၀၁၈ ခုနှစ်မှာ ပရောဂျက်အကြီးကြီးတစ်ခုစဖို့စိတ်ကူးထားသော်လည်း မကြာသေးမီကမှ ယူကရိန်းမှာ သွားရောက်ပြီး သီချင်းဗီဒီယိုရိုက်ကူးနေပါတယ်။

၆။ Momoland အဖွဲ့ဝင် Nancy

Nancy က အခုလက်ရှိမှာတော့ “Pops in Seoul” အစီအစဉ်ရဲ့ ပင်တိုင်တင်ဆက်သူပါ။ တခြား TV ပရိုဂရမ်တွေမှာလည်း အတွေ့အကြုံရှိသူတစ်ယောက်ပါ။ Momoland ကတော့ အခုလက်ရှိကိုရီးယားမှာ ကျော်ကြားတဲ့ အဖွဲ့ဖြစ်လို့နေပါတယ်။

၇။ ASTRO အဖွဲ့ဝင် Yoon Sanha

ရုပ်ရည်နှင့် စွမ်းရည် နှစ်မျိုးလုံးနဲ့ပြည့်စုံပြီး ကိုရီးယားမှာ ကျော်ကြားတဲ့ အဖွဲ့တစ်ဖွဲ့ကတော့ ASTRO ပါ။ Yooha က အဖွဲ့ထဲမှာ အငယ်ဆုံးဖြစ်ပြီး lead vocalistတစ်ယောက်လည်းဖြစ်ပါတယ်။

Ref: Koreaboo: 14 Most Anticipated Millennium Baby Idols Born In 2000

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top