စာရေးတော့မယ်ဆိုရင် (၂)

writelarge.jpg

အရင်တစ်ခါက စာရေးရာမှာ ဘာတွေပြင်ဆင်ရမလဲဆိုတာ ပြောပြီးပြီမို့ ဒီတစ်ခေါက်မှာတော့ စာစရေးကြပါစို့။ စာစရေးကြတော့မယ်ဆိုရင် အရင်ဆုံး ဘာအကြောင်းရေးမယ်ဆိုတာ စပြီး စဉ်းစားရမယ်ဆိုတာကတော့ မပြောလည်းသိပြီးသားဖြစ်မှာပါ။ စာလိုပြောရင်တော့ Idea ကို အရင်စဉ်းစားရမယ်ပေါ့။

ကိုယ်ရေးမယ့် အကြောင်းအရာတစ်ခုကို ရှေ့ကပြောခဲ့သလို ပရိသတ်နဲ့ ကိုယ့်ကြားဘယ်လို တံတားထိုးမလဲ၊ ဘယ်အရာက စိတ်ဝင်စားစရာကောင်းပြီး စာဖတ်သူတွေအတွက် အကျိုးရှိနိုင်မလဲဆိုတာ စပြီးစဉ်းစားရပါမယ်။ ဘာအကြောင်းကို ရေးမှာလဲ။ ဘယ်အရာနဲ့ ဆက်စပ်ရေးမှာလဲ ။ ဘယ်သူ့အတွက်ရေးမှာလဲ။ ဘာကြောင့်ရေးမှာလဲ စသဖြင့် စဉ်းစားပြီးရင်တော့ ကိုယ်လည်း တကယ်ကျွမ်းကျင် ပိုင်နိုင်တဲ့ Field ထဲမှာ ရေးဖို့ အဆင်သင့်ပြင်ရပါတော့မယ်။

Idea အကြောင်း ပြောဖို့ဆိုရင် ဒီ Idea ကို ရှာဖွေတတ်ဖို့လိုပါသေးတယ်။ တစ်ခါတလေမှာ Idea တွေက ကိုယ့်ဆီ အလိုလိုရောက်လာတတ်ပါတယ်။ ဥပမာ – အိပ်ပျော်ဖို့ ကြိုးစားရင်း အိပ်မက်အကြောင်းလေး ရေးရင်ကောင်းမှာပဲဆိုတာမျိုး၊ အိပ်မက်မက်တာတောင် အိပ်မက်ထဲက အကြောင်းအရာကို စာဖြစ်အောင ္ဖန်တီးယူတာမျိုး၊ နောက် စီးကရက်သောက်ရင်း အတွေးစလေးတွေပေါ်လာတာမျိုး စသဖြင့် အမျိုးမျိုးသော အကြောင်းတွေနဲ့ Idea တွေက အချိန်မရွေး အလိုအလျောက် ရောက်လာတတ်ပါတယ်။ တစ်ခါတလေမှာတော့လည်း idea တွေ ကိုယ့်ဆီရောက်မလာတဲ့အခါ ကိုယ်က Idea ကို လိုက်ရှာရပါတော့တယ်။ ဘယ်လိုရှာကြမလဲ။ တစ်ခါတလေမှာ စကားပြောကြ၊ ဆိုကြရင်းနဲ့ သူ့အကြောင်းအရာ၊ ကိုယ့်အကြောင်းအရာ မျှဝေကြရင်း စာရေးဖို့ အချက် ရသွားတာမျိုး၊ တစ်ခါတလေမှာတော့လည်း သူများပြောတာကို နားစွန်နားဖျားကြားလိုက်ရင်း ကိုယ့်အတွေးနဲ့ ပေါင်းစပ်ရေးသားလိုက်တာမျိုး၊ တစ်ခါတလေမှာလည်း လမ်းလျှောက်ရင်း၊ လူတွေကို လိုက်ကြည့်ရင်း ၊ ကော်ဖီဆိုင်၊ လက်ဖက်ရည်ဆိုင်ထိုင်ကြရင်း (ဘီယာဆိုင်ထိုင်ရင်း) စသဖြင့် စာရေးစရာ အကြောင်းတွေ ရလာတတ်ပါတယ်။

Idea တစ်ခု ရသွားပြီဆိုရင်တော့ ရလာတဲ့ Idea ကို ဒီတိုင်းကြီး ချရေးလိုက်လို့မဖြစ်သေးပါဘူး။ ထပ်ပြီး ဆင့်ပွားစဉ်းစားစရာတွေ ရှိပါတယ်။ ဥပမာအားဖြင့် – ဧရာဝတီ လင်းပိုင်တွေအကြောင်း ရေးမယ်လို့ Idea ရလိုက်တယ်ဆိုပါစို့။ ဧရာဝတီ လင်းပိုင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အများကြီးထဲကမှ ဘယ်အကြောင်းကို ရေးမှာလဲ ဆိုတာမျိုးပေါ့။ ဆိုကြပါစို့- ကျွန်တော်ကတော့ဖြင့် ဧရာဝတီလင်းပိုင်ရဲ့ မျိုးစိတ်အကြောင်းရေးမယ်လို့ တွေးတဲ့သူတွေ၊ ရေးတဲ့သူတွေရှိသလို၊ ကျွန်တော်ကတော့ ဧရာဝတီလင်းပိုင်တွေ ဘာကြောင့် မျိုးသုဉ်းခါနီးနေတာလဲ ဆိုတာကို ရေးမယ် လို့ စဉ်းစားကြသူတွေလည်း ရှိမှာပါ။ ဒီလိုပဲ ဧရာဝတီလင်းပိုင်တွေက တံငါသည်တွေကို ဘယ်လိုကူညီလဲဆိုတာမျိုးလေး ရေးရင်လည်း စိတ်ဝင်စားစရာကောင်းတာပဲနော် ပြောတဲ့သူတွေလည်း ရှိမှာပါပဲ။ ဆိုလိုတာက အကြောင်းအရာတစ်ခုမှာ ကိုယ့်ရဲ့ ချဉ်းကပ်ပုံကိုလိုက်ပြီး စာတွေ အများကြီး ထွက်လာတတ်ပါတယ်။ စာလို ပြောကြရင်တော့ စာရေးရမယ့် Angle တစ်ခုရှာရမယ် ဆိုပါတယ်။ ကျယ်ပြန့်လွန်းတဲ့ အကြောင်းအရာ၊ နယ်ပယ်တစ်ခုကနေပြီး Point of view တစ်ခုတည်းက ကြည့်လို့ ချဉ်းကပ်ရေးသားမယ်ဆိုရင် ကိုယ်ရေးရတဲ့ ဘောင်လည်းကျဉ်းသွားသလို ထင်သာမြင်သာတဲ့ Message ၊ ကိုယ်ပေးလိုတဲ့ Message ကိုလည်း အရှင်းဆုံး ပေးနိုင်ပါလိမ့်မယ်။

Idea လည်းရပြီ၊ Angle လည်းစဉ်းစားပြီးပြီဆိုရင်တော့ စရေးလို့ရပါပြီ။ ကိုယ်ပိုင်အတွေးနဲ့ ရေးသည်ဖြစ်စေ၊ သုတေသနလုပ်ပြီး၊ လေ့လာပြီး ရေးသည်ဖြစ်စေ၊ စာကတော့ ရေးလို့ပြီးသွားပြီပဲ ဆိုကြပါစို့။ ဒီအချိန်မှာ ထပ်စဉ်းစားရမှာက ခေါင်းစဉ် လို့ခေါ်တဲ့ Headline ပါ။ ဒီအကြောင်းအရာကို ဘယ်လို ခေါင်းစဉ်မျိုးတပ်လိုက်ရင် လူစိတ်ဝင်စားလာမလဲဆိုတာမျိုးကို ကိုယ်ကစစဉ်းစားရတော့မှာပါ။ ခေါင်းစဉ်ကို လှအောင်ရွေးပြီး အထဲက ပါတဲ့စာတွေနဲ့ ဘာမှမဆိုင်နေလို့လည်း မဖြစ်ဘူး မဟုတ်လား။ ဆိုတော့ ကိုယ့်စာနဲ့လည်းသက်ဆိုင်၊ လူလည်းစိတ်ဝင်စားလောက်မယ့် ခေါင်းစဉ်မျိုးရွေးချယ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒီလိုစဉ်းစားရာမှာလည်း တံတားထိုးတတ်ဖို့ လိုပါသေးတယ်။ ကိုယ့်ပရိသတ်တွေက ဘယ်လိုလူမျိုးလဲဆိုတာကို သိပြီးမှ ပရိသတ်စိတ်ဝင်စားနိုင်မယ့် ခေါင်းစဉ်မျိုးကို ရွေးချယ်လို့ ရနိုင်မှာပါ။ ဒါကြောင့် စာရေးဆရာပဲဖြစ်ဖြစ်၊ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ကဗျာဆရာပဲဖြစ်ဖြစ် ဘယ်လိုအနုပညာရှင်မဆို ကိုယ့်ပရိသတ်အကြောင်းကို သိနေဖို့ လိုပါတယ်။ မိန်းကလေးပရိသတ်များတဲ့ Page မှာ တင့်ကားတွေအကြောင်း သွားပြောလို့ စိတ်ဝင်စားမှုတွေမရနိုင်သလို ယောက်ျားလေးပရိသတ်များတဲ့ Page မှာလည်း ဘာဘီဖက်ရှင ္တွအေကြောင်း သွားပြောနေလို့ ဘယ်ဖြစ်မလဲနော်..။ ဒါကြောင့် ကိုယ်ဘာအကြောင်းကိုပဲ ရေးရေး၊ ပရိသတ်ကို အမြဲမပြတ် လေ့လာစောင့်ကြည့်ဖို့ လိုပါတယ်။

ဒီလောက်ဆိုရင်တော့ စာရေးရမှာ ဝါသနာပါတဲ့ ရွက်ပုန်းသီးလေးတွေအတွက်လည်း အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်နောက်ထပ်သော စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖတ်ရှုဖို့ Yoyarlay ကို See First လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော်..။

Angelic Demon (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top