ကီဝီသီး၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

kiwi-juice-P92MG8K.jpg

အလွယ်ခေါ်ရင် ကီဝီလို့ ခေါ်တဲ့ ကီဝီသီးလေးများအား ပုံမှန်ကြက်ဥအရွယ်အစားခန့် ရှိပြီးတော့ စားလို့ရတဲ့ ဘယ်ရီသီးတစ်မျိုး ဖြစ်ပါတယ်။ အခွံမှာ အမွေးလေးများပါရှိပြီး အနက်စေ့လေးများနဲ့ အလယ်မှာ အဖြူရောင် အူတိုင် ပါဝင်တဲ့ အစိမ်းရောင် အသီးတစ်မျိုး ဖြစ်ပါတယ်။

သူ့ကို စားလိုက်ရင် အနည်းငယ် အချိုဓာတ် ရရှိပြီး ခပ်စူးစူးအရသာ ရှိတဲ့အတွက် လူအများစု နှစ်သက်ကြပါတယ်။ ကီဝီသီးရဲ့ အလှအပနဲ့ အရသာအပြင် ကီဝီသီးမှာ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါသေးတယ်။

ကီဝီသီးဟာ အကောင်းဆုံး ဗီတာမင်စီ အရင်းအမြစ်ဖြစ်ပြီးတော့ ဗီတာမင်အေ၊ အီးနဲ့ ကေတို့လည်း ပါဝင်ပါတယ်။ ကီဝီမှာ ပါဝင်တဲ့ သတ္တုဓာတ်များကတော့ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စ်ဖရပ်တို့ ဖြစ်ကြပါတယ်။ ဒီအသီးထဲမှာ ပါဝင်တဲ့ အရေးကြီးတဲ့ အာဟာရဓာတ်အားလုံး ပါဝင်တဲ့အပြင် ကာဘိုဟိုက်ဒရိတ်နဲ့ ကယ်လိုရီ ပါဝင်မှုလည်း နည်းပါးပါတယ်။

ကီဝီသီးရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူး (၁ဝ)မျိုးကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

၁။ ပန်းနာရောဂါကို အထောက်အကူပြုခြင်း
ကီဝီသီးဟာ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခံပါခြင်း စတဲ့ ပန်းနာရဲ့ ရောဂါလက္ခဏာများကို လျော့နည်း သက်သာစေပါတယ်။ ကီဝီသီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ ဓါတ်တိုး (Antioxidants) တို့က ပန်းနာရောဂါကို ကာကွယ် တားဆီးပေးပါတယ်။ အသက်ရှု မဝခြင်း၊ ညဘက် ချောင်းဆိုးခြင်း၊ နှာစေခြင်း စတဲ့ သိသိသာသာ လျော့နည်း သက်သာစေပါတယ်။

၂။ အစာခြေခြင်းအား အထောက်အကူပြုခြင်း
အစာခြေစနစ်မှာ ပြဿနာရှိသူတွေ ကီဝီသီးတွေကို ပိုမိုး စားသုံးပေးကြည့်သင့်ပါတယ်။ ကီဝီသီးမှာ အစာခြေခြင်းအတွက် ကောင်းမွန်တဲ့ အစားအစာချင့်ချိန်တဲ့ အသားမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် actinidin လို့ ခေါ်တဲ့ proteolytic အင်ဇိုင်း အစာခြေလုပ်ငန်းစဉ်ကို အထောက်အကူပေးတဲ့ ပရိုတင်းကို ဖြိုခွဲပေးပါတယ်။ ပရိုတင်းကို ခြေဖျက်ပေးခြင်းအပြင် ကီဝီသီးတွင် ပါဝင်သည့် အမျှင်ဓာတ်နှင့် prebiotics တို့ကြောင့် အစာခြေလမ်းကြောင်း ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

၃။ သွေးသကြားဓာတ်အဆင့်ကို ထိန်းချုပ်ပေးခြင်း

အမျိုးအစား 1 နှင့် 2 ဆီးချိုရောဂါရှိသူများ ကီဝီသီးကို စားသုံးပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲရှိ သွေးသကြားဓာတ်အဆင့် မြင့်တက်မှုကိုလည်း မဖြစ်စေပါဘူး။ အမျှင်ဓာတ် မြင့်မားပြီး ကာဘိုဟိုက်ဒြိတ် နည်းပါတဲ့အတွက် ကီဝီသီးဟာ သွေးသကြားဓာတ်အဆင့်ကို ထိန်းချုပ်ပေးပြီး ကိုလက်စထရောကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါနှင့် ပတ်သက်သော ရောဂါများကို အထောက်အကူဖြစ်စေပါတယ်။ ဆီးချိုရောဂါ ရှိသူများဟာ သွေးသကြားဓာတ်အဆင့်ကို ထိန်းချုပ်ဖို့ နေ့စဉ် ကီဝီသီးတစ်လုံး စားပေးသင့်ပါတယ်။

၄။ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်စေခြင်း

နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို ရရှိဖို့ အခက်အခဲတွေ့တတ်တဲ့ လူများဟာ ဒီပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ ကီဝီသီးကို စားသုံးပေးနိုင်ပါတယ်။ ပုံစံမကျတဲ့ အိပ်စက်ခြင်းအတွက် ကောင်းကျိုးများကို ပေးနိုင်တဲ့ ဓါတ်တိုးနဲ့ serotonin ကဲ့သို့သော အသုံးဝင်တဲ့ ဒြပ်ပေါင်းများ များစွာ ကီဝီသီးမှာ ပါဝင်ပါသေးတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းအတွက် အိပ်ရာမဝင်ခင် တစ်နာရီခန့်မှာ ကီဝီသီး ၂လုံး စားသုံးပေးပါ။

၅။ နှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေးကို ကူညီထောက်ပံ့ပေးခြင်း

ကီဝီသီးမှာ နှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ပိုလီဖီနောနဲ့ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။ ဗီတာမင်စီနဲ့ ဗီတာမင်အီးက သွေးထဲရှိ free radicals များကို ဖယ်ရှားရှင်းလင်းပေးပြီး အဆီပိတ်ရောဂါ ကဲ့သို့သော နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါနှင့် ချိတ်ဆက်နေသည့် ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကီဝီသီးက မကောင်းတဲ့ အကျိုးဆက်မဖြစ်စေဘဲ သွေးခဲခြင်း အန္တရာယ်မှလည်း လျော့ကျစေပါတယ်။ ကီဝီသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်တို့က သွေးအားချို့တဲ့သည့် နှလုံးပြဿနာကို လျော့ကျစေပြီး နှလုံးဆိုင် ကျန်းမာရေးကို ကူညီပံ့ပိုးပေးပါတယ်။

၆။ ကိုယ်ခံအားမြှင့်တင်ပေးခြင်း

ကီဝီသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ကိုယ်ခံအားကို အားကောင်းစေနိုင်ပါတယ်။ ဒီ ဓါတ်တိုးက ရောဂါဘယတွေကို တားဆီကာကွယ်ပေးဖို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အန္တရာယ်ဖြစ်စေတဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ကီဝီသီးက ဗီတာမင်အီးလည်း ပါဝင်တဲ့အတွက် ပိုမိုအားကောင်းတဲ့ ကိုယ်ခံအားခံနိုင်ရည်ကို ပေးစွမ်းစေပါတယ်။

၇။ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေခြင်း

ကီဝီသီးမှာ lutein နဲ့ zeaxanthin လို့ ခေါ်တဲ့ အမြင်အား တိုးမြှင့်ပေးတဲ့ ဒြပ်ပေါင်းများ ပါဝင်တဲ့အတွက် မျက်စိအာရုံ အမြင်စွမ်းအင်ကို အကျိုးပြုပေးပါတယ်။ ဒါ့အပြင် ကီဝီသီးဟာ မျက်စိအတွင်း တိမ်ဖြစ်ခြင်းမှ ကာကွယ်ပေးတဲ့ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်အေကတော့ မျက်ကြည်လွှာကို ကာကွယ်ပေးတဲ့ အကျိုးကျေးဇူး ရှိပါတယ်။

၈။ ဝက်ခြံများကို တိုက်ခိုက်ပေးခြင်း

ကီဝီသီးဟာ ဝက်ခြံများကို ကုသရာမှာလည်း အကျိုးပြုပါတယ်။ ကီဝီသီးတွင် ဝက်ခြံများကို တိုက်ထုတ်ပေးသော ရောင်ရမ်းမှု မရှိစေသော ဂုဏ်သတ္တိများ ရှိပြီး နာကျင်မှုနှင့် ရောင်ရမ်းခြင်း ကဲ့သို့သော ဝက်ခြံ၏ လက္ခဏာရပ်များကို သက်သာစေပါတယ်။ ဒါ့အပြင် ကီဝီသီးမှာ ပါဝင်တဲ့ ဗီတာမင်အီးက ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို လျော့ကျစေပါတယ်။
• အသားအရေပေါ်တွင် ကြိတ်နယ်ထားသော ကီဝီသီးကို သုတ်လိမ်းပြီး အခြောက်ခံပါ။ ဝက်ခြံများ ပျောက်ကင်းသွားသည်အထိ တစ်နေ့တစ်ကြိမ် ပြုလုပ်ပေးပါ။

• ကာကွယ်မှုအနေဖြင့် ကီဝီသီးတစ်လုံး၏ အနှစ်နှင့် သံပုရာရည်၊ ပျားရည် စသည်တို့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ ရောမွှေ၍ မျက်နှာတွင် သုတ်လိမ်းပေးပါ။ ပြီးလျှင် ၁၅မိနစ်ကြာအောင် ထားထားပါ။ ထို့နောက် ရေအေးအေးဖြင့် ဆေးကြောပြီး အသားအရေကို လေဖြင့် အခြောက်ခံပါ။ အသားအရေ ဝက်ခြံကင်းဝေးနေစေဖို့ တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါ။

၉။ အသားအရေကို နုပျို အားသစ်လောင်းပေးခြင်း

ကီဝီသီးတွင် ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်သောကြောင့် အသားအရေအတွက် အလွန်ကောင်းမွန်ပါတယ်။ ဗီတာမင်စီက အသားအရေဆဲလ် ပြန်လည်ပေါက်ပွားခြင်းနှင့် အသားအရေရှိ collagen ထုတ်လုပ်မှုကို အထောက်အကူ ပေးပါတယ်။ ဒီအတွက်ကြောင့် အသားအရေကို နူးညံ့ ပျော့ပျောင်းစေပြီး တင်းရင်းစေပါတယ်။ ဒါတင်မကသေးဘဲ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး ကြည်လင်တောက်ပမှုကို ပေးစွမ်းနိုင် ပါသေးတယ်။

ကီဝီသီးတစ်လုံး၏ အသားနှင့် ငှက်ပျောသီးမှည့် တစ်လုံးတို့ကို ပန်းကန်လုံးတစ်ခုအတွင်း ထည့်၍ ခက်ရင်းဖြင့် နှံ့နှံ့အောင် မွှေကြိတ်ပါ။

ဒိန်ချဉ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်၍ မွှေပါ။

သန့်စင်သော မျက်နှာပြင်တွင် သုတ်လိမ်းပေးပါ။

မိနစ် ၂ဝ နာရီဝက်ခန့်ကြာအောင် အခြောက်ခံပါ။

ရေနွေးနွေးဖြင့် စိမ်ထားသော နူးညံ့သည့် အဝတ်စိုဖြင့် ငြင်သာစွာ သုတ်ဖယ်ပေးပါ။

မျက်နှာကို ရေနွေးနွေးဖြင့် ဆေးကြော၍ အခြောက်ခံပါ။

အပတ်တိုင်း ပြုလုပ်ပေးပါ။

၁ဝ။ နှုတ်ခမ်းသားကွဲခြင်းအား ကုသပေးခြင်း။

ကီဝီသီးလေးဟာ အသားအရေ ဆဲလ်သေများကို ဖယ်ရှား ရှင်းလင်းပေးကာ ခြောက်သွေ့ပြီး အက်ကွဲသော နှုတ်ခမ်းလေးများအတွက် ထိရောက်တဲ့ သဘာဝ ဆေးစွမ်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကီဝီသီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ polyphenols တို့က ကွဲအက်တဲ့ နှုတ်ခမ်းများကို အားဖြည့်ပေးပြီး နှုတ်ခမ်းမည်းခြင်းလည်း ကာကွယ်ပေးပါတယ်။

ပန်းကန်လုံးတစ်ခုအတွင်း ကြိတ်နယ်ထားသော ကီဝီသီး လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပါ။

သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထပ်ပေါင်းထည့်ပါ။

မွှေ၍ နှုတ်ခမ်းများတွင် လိမ်းပေးပါ။

လက်ဖြင့် နှုတ်ခမ်းများတွင် ညင်ညင်သာသာ exfoliate ပြုလုပ်ပေးပါ။

ရေနွေးနွေးဖြင့် နှုတ်ခမ်းများကို ဆေးကြောပါ။

ခြောက်အောင် သုတ်၍ ရေဓာတ်ဖြည့်ပေးသော နှုတ်ခမ်းလိမ်းဆေးကို လိမ်းပါ။

တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အသုံးပြုပေးပါ။

Ref : Health : Top 10 Health Benefits of Kiwifruit

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top