ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အသွားအလာကန့်သတ်ခြင်း (၇)ရက်သို့ လျော့ချ

21-9-2002-yyl-004.jpg

ရန်ကုန် စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ အသွားအလာကန့်သတ်ခြင်း Facility Quarantine ရက်ကို မူလကသတ်မှတ်ထားတဲ့ ၁၄ ရက်အစား ၇ ရက်သို့ လျော့ချလိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်အရ ပြည်ပက ပြန်လည်ရောက်ရှိလာသူတွေ၊ နေအိမ်တွင်နေထိုင်ရေး(Stay at Home) သတ်မှတ်ထားတဲ့ တိုင်း၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေက ရောက်ရှိလာသူတွေကို Facility Quarantine (၇)ရက်သာ ထားရှိရတော့မှာ ဖြစ်ပါတယ်။

Facility Quarantine ထားရှိတဲ့ ရက်ကနေ (၅)ရက်မြောက်နေ့မှာ ဓါတ်ခွဲနမူနာရယူစစ်ဆေးမှာဖြစ်ပြီးတော့ ရောဂါပိုးမတွေ့ရင် Home Quarantine (၇)ရက်သာ ဆက်လက်ထားရှိသွားမှာပါ။ ရောဂါအခံရှိသူတွေနဲ့ အတူနေထိုင် သူတွေကိုတော့ Facility Quarantine ဆက်လက်ထားရှိမှာဖြစ်ပါတယ်။

အဲဒီလူတွေကို ဓါတ်ခွဲနမူနာ တစ်ကြိမ်သာ စစ်ဆေးမှာဖြစ်ပေမယ့် အတည်ပြုလူနာနဲ့ အနီးကပ် ထိတွေ့ခဲ့သူ(Primary Contacets)တွေကိုတော့ သတ်မှတ်ထားတဲ့(၇)ရက်အတွင်းမှာ ဓါတ်ခွဲနမူနာ(၂)ကြိမ်အထိ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အခုလို (၂)ကြိမ်စလုံးစစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိမှသာ Home Quarantine (၇)ကို ဆက်လက်ပြီးတော့ အသွားအလာကန့်သတ်ထားရှိမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top