ကျိုတိုကဖေးဆိုင်ရဲ့ အစစ်အလား ထင်မှတ်မှားစေတဲ့ ပန်းပွင့်ရေခဲမုန့်

2.2.24-yyl-4.jpg

ဂျပန်နိုင်ငံ ကျိုတိုမြို့မှာ ဖွင့်လှစ်ထားတဲ့ ကဖေးဆိုင်ကတော့ ပန်းပွင့်အစစ်လား ထင်မှတ်မှားစေတဲ့ ရေခဲမုန့်တွေ ဖန်တီးမှုကြောင့် လူကြိုက်များ ကျော်ကြားနေပါတယ်။ ရှီဇန်း (သဘာဝလို့ အဓိပ္ပာယ်ရ) လို့ အမည်ပေးထားတဲ့ ကဖေးဆိုင်ဟာ ရာသီပေါ် ပန်းတွေအလိုက် ပန်းပွင့်ပုံရေခဲမုန့်တွေ ဖန်တီးရောင်းချနေတာပါ။ နှင်းဆီ၊ ပန်းခရမ်း၊ လက်ဖက်နှင်းဆီ အစရှိတဲ့ ပန်းပွင့်ရေခဲမုန့်တွေက တကယ့်ကို အစစ်အတိုင်းပါပဲ။

ပန်းပွင့်ရေခဲမုန့်တွေ ဖန်တီးရာမှာ အဓိက ပါဝင်ပစ္စည်းကတော့ ပဲတီစိမ်းနီအနှစ်ပါပဲ။ ပဲတီစိမ်းနီကို ပြုတ်၊ အနှစ်ဖြစ်အောင် ဆန်ခါတိုက်ပြီး သကြားနဲ့ရောနှောထားတာပါ။ ရေခဲမုန့်တစ်ခွက်ကို ဂျပန်ယန်း ၁၆၅၀ ( အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာ)ပဲ ကျသင့်တာဖြစ်ပြီး handmade စားစရာတစ်ခုအတွက်ဆိုရင်တော့ သင့်တင့်မျှတတဲ့ဈေးနှုန်းလို့ ဆိုရမှာပါ။

ကျိုတိုမြို့ရဲ့ ရှင်ပါကန်ဈေးဝယ်စင်တာအတွင်းမှာ ရှီဇန်းရေခဲမုန့်ဆိုင် တည်ရှိပါတယ်။ အင်စတာဂရမ်၊ TikTok အစရှိတဲ့ လူမှုကွန်ရက်ပေါ်မှာ ရှီဇန်းကဖေးရဲ့ ရေခဲမုန့်ဓာတ်ပုံတွေ ပျံ့နှံ့သွားပြီးနောက် ကျော်ကြားလာခဲ့တာပါ။

Ref: Trendy Ice Cream Shop Specializes in Hyper-Realistic Edible Flower Bouquets

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top