ပါကစ္စတန်က ဘုရားကျောင်းမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား

quetta-church-bombing.jpg

ပါကစ္စတန်နိုင်ငံက ဘုရားကျောင်းတစ်ခုမှာ အသေခံဗုံးခွဲမှုအပြင် သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့လို့ ၉ ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။

ပါကစ္စတန် – အာဖန်ဂန်နစ္စတန် နယ်စပ်ဒေသကနေ မိုင် ၄၀ အကွာရှိ Quetta မြို့က ဘုရားကျောင်း မှာ ဝတ်ပြုဆုတောင်းနေသူတွေကို စစ်သွေးကြွတွေက တိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။ IS အဖွဲ့ ကတော့ အဲဒီ တိုက်ခိုက်မှုဟာ သူတို့အဖွဲ့ လက်ချက်ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သူ နှစ်ဦးဟာ ဘုရားကျောင်းဝင်ပေါက်မှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ဘလူချီစတန်ဒေသ ပြည်ထဲရေးဝန်ကြီး ဘတ်ဂီ ကပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် လူရာကျော် ဒဏ်ရာရနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ခန့်မှန်းခဲ့ပြီး အသေခံ တိုက်ခိုက်သူ နှစ်ဦးအနက် တစ်ဦးဟာ သူရဲ့ခါးမှာပတ်ထားတဲ့ ဗုံးကို ခွဲခဲ့တာဖြစ်ပြီးနောက်တစ်ဦးဟာ ရဲတွေနဲ့ ပတ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် တိုက်ခိုက်သူ ၂ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ တိုက်ခိုက်မှုတွေကြောင့် တရားဝင် ဒဏ်ရာရသူ ဒါဇင်နဲ့ချီနေပြီး တနင်္ဂနွေ့မှာ ပြုလုပ်တဲ့ဘုရားကျောင်းဝတ်ပြုပွဲကို ကလေးတွေလည်း တက်ရောက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

Ref : BBC News : Deadly attack on Methodist church in Pakistan

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top