အမှိုက်ပုံထဲက စိန်လက်စွပ်ကို ရှာဖွေပေးခဲ့တဲ့ သန့်ရှင်းရေးဝန်ထမ်းများ

2.2.24-yyl-2.jpg

ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာရသလို ခက်ခဲတဲ့အလုပ်တစ်ခုကို အမေရိကန်နိုင်ငံ သန့်ရှင်းရေးဝန်ထမ်းတွေက စုပေါင်းညီညာစွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်၊ ဂရင်းဗီးလ်မြို့မှ သန့်ရှင်းရေးဝန်ထမ်းတွေဟာ အမှိုက်ပုံထဲက စိန်လက်စွပ်တစ်ကွင်းကို ရှာဖွေပေးနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မီလာနီဟာပါက အမှိုက်သွားပစ်ရင်း တန်ဖိုးကြီးတဲ့ စိန်လက်စွပ် ပျောက်သွားခဲ့တာပါ။ အဲဒီလက်စွပ်က သူ့ရဲ့လက်ထပ်လက်စွပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် မီလာနီက ဂရင်းဗီးလ်မြို့ ပြည်သူ့လုပ်ငန်းဌာနကို အီးမေးလ် ပို့ပြီး အကျိုးအကြောင်း ပြောပြခဲ့ပါတယ်။

ပြည်သူ့လုပ်ငန်းဌာန ဝန်ထမ်းတွေဟာ သူတို့ လုပ်ပေးရမယ့် တာဝန်မရှိပေမဲ့ ကိုယ်ချင်းစာစိတ်၊ စေတနာထားပြီး အမှိုက်ပုံထဲက လက်စွပ်ကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အမှိုက်တွေကို လမ်းဘေးမှာ ပုံချပြီး လက်စွပ်ကို ရှာခဲ့ကြတာပါ။ နာရီပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ စိန်ကွပ်ထားတဲ့ ရွှေဖြူလက်စွပ်ကို တွေ့ခဲ့တာပါ။ ဒီဖြစ်ရပ်အကြောင်း သတင်းပျံ့သွားပြီးနောက်မှာတော့ လိုအပ်နေသူအတွက် အားကြိုးမာန်တက် ကူညီပေးခဲ့တဲ့ ဂရင်းဗီးလ်မြို့ ပြည်သူ့လုပ်ငန်းဌာနကို ဒေသခံပြည်သူတွေက ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။

Ref: Sanitation Crew Dumps Entire Truck On Ground To Find Woman’s Diamond Ring

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top