အမှိုက်တွေကို ရွှေဖြစ်လာအောင် ဖန်တီးကြရအောင်

yyl-001-2.jpg

ဒီနေ့တော့မီးဖိုချောင်ကထွက်လာတဲ့ အမှိုက်စိုတွေနဲ့ အစားအသောက်အကြွင်းအကျန်ကို အကျိုးရှိရှိပြန်အသုံးချလို့ရစေမယ့်နည်းလေးတစ်ခုကို စာဖတ်ပရိတ်သတ်တွေအတွက် မျှဝေပေးချင်ပါတယ်။

မီးဖိုချောင်ထွက်စွန့်ပစ်ပစ္စည်းတွေက ပြန်အသုံးချတတ်ရင် အမှိုက်ကနေ ရွှေဖြစ်လာနိုင်တဲ့အရာတွေပါ။ အမှိုက်အစိုတွေနဲ့ အစားအသောက်အကြွင်းအကျန်အချဉ်ဖောက်ပြီး မြေကြီးနဲ့ရောလိုက်မယ်ဆိုရင် အပင်တွေအတွက် အထူးသင့်တော်ကောင်းမွန်တဲ့ တစ်နိုင်တစ်ပိုင်လုပ် မြေဆီမြေဆွေးကို ရနိုင်ပါတယ်။

အဲဒီလိုမြေဆွေးပြုလုပ်ရာမှာ အဓိကလိုအပ်ပစ္စည်းကတော့ ဘိုကာရှီ ဖွဲမှုန့်ပါ။ ဘိုကာရှီဖွဲမှုန့်ကိုဖန်တီးခဲ့တဲ့သူက ဂျပန်နိုင်ငံသား Dr. Teruo Higa ဖြစ်ပြီး ၁၉၈၂ ခုနှစ်မှာ စတင်ထုတ်လုပ်ဖြန့်ဖြူးခဲ့တာပါ။

ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံအဆင့်ဆင့်

ပထမဆုံးဦးစွာ မိမိအိမ်ရဲ့မီးဖိုချောင်ကနေ နေ့စဉ်ထွက်နေတဲ့ အမှိုက်အစိုတွေနဲ့ အစားအသောက်အကြွင်းအကျန်ပမာဏ ဘယ်လောက်ရှနေိတယ်ဆိုတာကို ပျမ်းမျှမှတ်သားရပါမယ်။

(ပါဝင်ပစ္စည်းများ)

၁။ လေလုံတဲ့ပုံးတစ်ပုံး (နှစ်ပုံးထားနိုင်ရင်ပိုကောင်း)။ အဲဒီပုံးမှာအရည်ဖောက်ထုတ်နိုင်သော ရေပိုက်ခေါင်းပါတယ်ဆို ပိုအဆင်ပြေပါတယ်။
၂။ ဘိုကာရှီ ဖွဲမှုန့်
၃။ အမှိုက်စစ်ဆန်ကာတစ်ခု ( တစ်နေ့တာလုံး အရည်စစ်ထားနိုင်ရန်)
၄။ တစ်ရှူးစက္ကူ(သို့) သတင်းစာစက္ကူ (သို့)စပါးခွံ (သို့) အုန်းဆံဖတ်

(ပြုလုပ်ပုံအဆင့်ဆင့်)

၁။ လေလုံပုံးရဲ့အောက်ခြေမှာ သတင်းစာအပိုင်းအစ (သို့)တစ်ရှူး (သို့) စပါးခွံ (သို့) အုန်းဆံခွံလို မြေဆွေးပြန်ဖြစ်နိုင်တဲ့ အရည်စုပ်ပစ္စည်းခပ်ထူထူတစ်ထပ် စဖြည့်ပါ။

၂။ လေမခိုစေဖို့နဲ့ လုပ်ငန်းစဉ်ပိုမြန်ဆန်စေဖို့ အရွယ်ကြီးမားနေတဲ့ မီးဖိုချောင်ထွက်အမှိုက်မျိုးကို အပိုင်းသေးလေးတွေဖြစ်အောင်ပြောင်းလဲပြီးမှ ထည့်သင့်ပါတယ်။ လေခိုတဲ့နေရာတွေမှာက မှိုတွေပေါက်လာပြီး အနံ့ဆိုးတွေလည်း ထွက်လာနိုင်တာကြောင့်ပါ။

၃။ မီးဖိုချောင်ထွက်အမှိုက်တွေနဲ့ အစားအသောက်အကြွင်း
အကျန်တွေကို အမှိုက်စစ်ဆန်ကာထဲထည့်ပြီးရေစစ်မယ်ဆို ပိုကောင်းပိုကောင်းပါတယ်။ ဒီတစ်နေ့စာအတွက် နေ့တိုင်းစွန့်ပစ်နေရတဲ့ အစားအသောက်အကြွင်းအကျန်တွေနဲ့ ချက်ပြုတ်ပြင်ဆင်ရာကနေထွက်တဲ့အမှိုက်တွေရယ်ကို ဒီလို ဆန်ကာနဲ့သချာစစ်ထားရင် ကိုယ့်အိမ်မှာ တစ်ရက်ကို အစားအသောက်ပမာဏဘယ်လောက် အလဟသဖြစ်နေလဲ။ အမှိုက်စိုတွေဘယ်လောက်ထကွ်နေလဲဆိုတာ ပြန်ဆန်းစစ်လို့ရပါတယ်။

၄။ တစ်နေ့လုံးစာချက်ပြုတ်အပြီး အမှိုက်အားလုံးစုပြီးရင် မီးဖိုချောင်ထွက်အမှိုက်တွေကို ပုံးထဲဖြည့်ပါ။

၅။ ပုံးကို တစ်ရက်တစ်ကြိမ်ပဲဖွင့်တာက အသင့်တော်ဆုံးဖြစ်ပါတယ်။

၆။ မီးဖိေုချာင်အမှိုက်တွေထဲမှာ သားငါးနဲ့ နို့ထွက်ပစ္စည်းတွေများတယ်ဆို ရေစုပ်နိင်တဲ့တစ်ရှူးနဲ့ ဘိုကာရှီအမှုန်ကို့ ပိုသုံးပေးရမှာပါ။

၇။ တစ်ခါဖြူးရင် ထမင်းစားဇွန်း (၃) ဇွန်း လောက်သုံးနိုင်ပါတယ်။

၈။ အမှိုက်တွေကို စုထည့်ရာမှာ နေရာလပ်မရှိနေအာင် ဖိသိပ်ထည့်ရပါမယ်။

၉။ လေလုံနေရင် အနံ့မထွက်နိုင်ပါဘူး။ ပုံးကိုဖွင့်ကြည့်ရင် အချဉ်နံ့ သင်းသင်းလေးပဲ ရနိုင်ပါတယ်။

၁၀။ မှိုအဖြူလေးတွေထွက်လာတကိုာ မစိုးရိမ်ပါနဲ့။ လုပ်ငန်းစဉ်မှန်ကန်တဲ့သဘောပါ။ အမှိုက်တွေကို အပြင်မှာရေစစ်ထားတုန်းက ယင်နားထားရင်တစ်ခါတရံ ပိုးလောင်းတွေပါက်လာတတ်ပါတယ်။အဲဒါက အန္တရာယ်မဖြစ်စေနိုင်ပါဘူး။

၁၁။ ပုံးထဲမှာ ရေငွေ့ပျံတာ၊ အဖုံးအတွင်းပိုင်းမှာ ချွေးစက်တွေတွေ့တာနဲ့ အနံ့ထွက်တာတွေဖြစ်လာခဲ့ရင် အရည်စုပ်နိုင်တဲ့အရာတွေ များများထည့်ပေးရန်လိုအပ်သည်။( တစ်ရှူး၊ သတင်းစာစက္ကူ)

၁၂။ ပုံးပြည့်သွားပြီဆိုရင် အဖုံးကို ကြပ်နေအောင် သေသေချာချာပိတ်ပြီး တစ်ပတ်လောက်ထားပါ။ နှစ်ပတ်ထားလို့လည်းရပါတယ်။ အချိန်စေ့ရင် ရလာတဲ့မြေဆွေးတွေကို ကေီးထဲကိုထည့်ပြီး အပေကနေ မြေကြီးတစ်လွှာပြန်အုပ်ပြီး တစ်ပတ် နှစ်ပတ်လောက် ထပ်ထားပါ။ ပြီးရင်တော့ အပင်တွေအတွက် အာဟာဓာတ်ပြည့်ဝတဲ့သဘာဝမြေဆီကိုသုံးနိုင်ပြီဖြစ်ပါတယ်။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top