COVID-19 ကာကွယ်ဆေးကို ဆင်းရဲနွမ်းပါးတဲ့သူတွေ အရင်ဆုံးရသင့်တယ်လို့ ပုပ်ရဟန်းမင်းကြီးပြော

28-9-2020-yyl-006.jpg

ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး အဆင်သင့်ဖြစ်တဲ့အခါ ဆင်းရဲနွမ်းပါးတဲ့၊ ချို့တဲ့တဲ့သူတွေကို အရင်ဆုံးဦးစားပေးကုသပေးသင့်တယ်လို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ကမ္ဘာ့ကုလသမဂ္ဂမှာ သောကြာနေ့က ပြောကြားခဲ့ပါတယ်။ ဖရန်စစ်က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဟာ ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ဖို့နဲ့ ကာကွယ်ဆေးရရှိဖို့ အလျင်လိုနေကြောင်း မီးမှောင်ထိုးပြနေခဲ့တယ်လို့လည်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဘယ်သူကိုမဆို ဦးစားပေးခံရသင့်တယ်ဆိုရင် မကြာခဏ ခွဲခြားဆက်ဆံမှုကိုခံရတဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေအတွက် ချန်ထားလိုက်ပါ။ သူတို့တွေက အာဏာရော စီးပွားရေးအရင်းအမြစ်တွေပါ မရှိတဲ့အတွက်ကြောင့်ပါ”လို့ ဖရန်စစ်က ပြောပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ကာကွယ်ဆေးကို မျှဝေသုံးစွဲကြဖို့ နိုင်ငံတွေကို တိုက်တွန်းရင်းနဲ့ ချမ်းသာတဲ့နိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို သိမ်းဆည်းသိုလှောင်မထားဖို့နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကာကွယ်ဆေးဟာ ကိုယ့်နိုင်ငံအတွက်ပဲ ဖြစ်ရမယ်ဆိုတဲ့အချက်ကို ဆန့်ကျင်သတိပေးဖို့ ဖရန်စစ်က ပြောခဲ့ပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေကို ဝန်ပိစေတဲ့ အကြွေးတွေကို လျော့ပေါ့ပေးဖို့ ချမ်းသာတဲ့နိုင်ငံတွေကို ဖရန်စစ်က တောင်းဆိုခဲ့ပါတယ်။ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ အခြေအနေတွေမှာလည်း အပြောင်းအလဲလုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဒါမှ အရမ်းချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကြားမှာ မညီမျှတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုတွေပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေး (၁၅၀) ကျော်က တိုးတက်မှုရှိနေပြီး (၂) ဒါဇင်လောက်က လူသားတွေနဲ့ စမ်းသပ်စစ်ဆေးနေပြီး တချို့ကာကွယ်ဆေးတွေက နောက်ဆုံးအဆင့်စမ်းသပ်စစ်ဆေးမှုထိရောက်နေပါပြီ။

Ref: AsiaOne”Poor should get Covid-19 vaccine first, Pope Francis says”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top