တူရကီငလျင်လှုပ်ပြီး နာရီ ၉၀ ကျော်အကြာမှာ မွေးကင်းစကလေးငယ်နဲ့ သူ့မိခင်ကို အသက်ရှင်လျက် ကယ်တင်နိုင်

10.2.2023-yyl-image-21.jpg

တူရကီ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး နာရီ ၉၀ ဝန်းကျင်အကြာမှာ အဆောက်အအုံ အပျက်အစီးတွေကြားကနေ မွေးကင်းစကလေးငယ်နဲ့ သူ့မိခင်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ ၁၀ ရက်သားအရွယ် ကလေးငယ် ယာဂျစ်နဲ့ သူ့မိခင်ကို တူရကီနိုင်ငံတောင်ပိုင်း ဟာတေးပြည်နယ်ရဲ့ အဆောက်အအုံ အပျက်အစီးတွေကြားကနေ ညသန်းခေါင်အချိန်မှာ ကယ်တင်နိုင်ခဲ့တာပါ။

ယာဂျစ်ကို အပူငွေ့စောင်နဲ့ ရစ်ထွေးပြီး လူနာတင်ယာဉ်နဲ့ ဆေးရုံခေါ်ဆောင်သွားခဲ့တာ တွေ့ရပါတယ်။ သူ့အမေကိုတော့ ထမ်းစင်နဲ့ ခေါ်ထုတ်လာခဲ့တာပါ။ သူတို့သားအမိရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး သတင်းထပ်မသိရသေးပါဘူး။

တူရကီနဲ့ ဆီးရီးယားနယ်စပ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၂၁၀၀၀ ကျော် ရှိလာခဲ့ပါပြီ။ ငလျင်လှုပ်ခတ်ပြီးနောက် ၄ ရက်ဆက်တိုက် ရာသီဥတု အေးနေတာကြောင့် အသက်ရှင် ကျန်ရစ်နေသူတွေကို ကယ်တင်နိုင်မယ့် မျှော်လင့်ချက် နည်းပါးနေပါတယ်။

Ref:Turkey-Syria earthquake: New-born and mother saved after four days in rubble

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top