တရုတ်နိုင်ငံက တောမီးလောင်ကျွမ်းမှုမှာ မီးသတ်သမား ၁၈ ယောက်နဲ့ လမ်းပြတစ်ယောက် သေဆုံး

1-4-2020-yyl-004.jpg

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေတုန်း မီးသတ်သမား ၁၈ ယောက်နဲ့ လမ်းပြတစ်ယောက် သေဆုံးခဲ့တယ်လို့ ရှင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ နံနက်ပိုင်းက လေလမ်းကြောင်း ရုတ်တရက်ပြောင်းလဲသွားလို့ မီးသတ်သမားတွေနဲ့ လမ်းပြဖြစ်သူတို့ ပိတ်မိခဲ့တာပါ။ လင်ရှန်းစီရင်စုမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ အခုချိန်မှာ ဟက်တာဧက ၁၀၀၀ အထိ ကူးစက်ပျံ့နှံ့နေပါပြီ။ တောမီးလောင်ကျွမ်းရာဒေသကို မီးသတ်သမားနဲ့ ကယ်ဆယ်ရေးလုပ်သား ၂၀၀၀ ကျော် ပေးပို့ထားပြီး လူ ၁၂၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီအချိန်က ယာတောတစ်ခုကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့လို့ အနီးနားမှာရှိတဲ့ တောင်တန်းတွေဆီ မီးကူးစက်ပျံ့နှံ့သွားခဲ့တာပါ။ လွန်ခဲ့တဲ့ တစ်နှစ်တိတိတုန်းကတည်းက လင်ရှန်းစီရင်စုမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့လို့ မီးသတ်သမား ၃၀ သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top