အဝတ်ဟောင်းထဲကနေ တွေ့ခဲ့တဲ့ ဒေါ်လာ ၅၀၀၀ ကို ပိုင်ရှင်ထံ ပြန်ပေးခဲ့တဲ့ အဟောင်းဆိုင် မန်နေဂျာ

12.9.23-yyl-1.jpg

အဟောင်းဆိုင်ကို ရောက်လာတဲ့ အဝတ်အစားတွေထဲကနေ အမေရိကန်ဒေါ်လာ ၅၀၀၀ တွေ့ခဲ့ပေမဲ့ အဟောင်းဆိုင်မန်နေဂျာက ပိုင်ရှင်ကို လိုက်လံရှာဖွေပြီး ပိုက်ဆံ ပြန်ပေးခဲ့ပါတယ်။ အိုလီဗာဂျိုလစ်ဟာ ထိခိုက်ဒဏ်ရာရထားတဲ့ (သို့မဟုတ်) စွန့်ပစ်တိရစ္ဆာန်လေးတွေအတွက် ရန်ပုံငွေ ရှာဖွေပေးနေတဲ့ Pick Of The Litter အဟောင်းဆိုင်မှာ မန်နေဂျာအဖြစ် လုပ်ကိုင်နေသူပါ။

San Francisco Bay ဒေသမှာရှိတဲ့ အဲဒီအဟောင်းဆိုင်က ရလာတဲ့အမြတ်အစွန်းအားလုံးကို Peninsula Humane Society အဖွဲ့အစည်းအတွက် လှူဒါန်းပေးနေတာပါ။ အဟောင်းဆိုင်ကို လှူလိုက်တဲ့ အဝတ်ဟောင်းတွေကို ဂျိုလစ်က ခွဲစီနေတုန်း ရှပ်အင်္ကျီတစ်ထည်ထဲကနေ ဒေါ်လာ ၅၀၀၀ တွေ့ခဲ့တာပါ။

အိတ်ထဲကနေ ကားအာမခံထားတဲ့ စာရွက်အဟောင်းတစ်ခုကိုလည်း သူ တွေ့ခဲ့ပါတယ်။ အဲဒီအချက်အလက်တွေကတစ်ဆင့် သူက ပိုင်ရှင်အမျိုးသမီးကို ဆက်သွယ်နိုင်ခဲ့တာပါ။

” ဂျိုလစ်က ပိုက်ဆံတွေ ယူထားလိုက်လို့ ရပါတယ်။ အဲဒီလို လုပ်ရင်လည်း ဘယ်သူမှ သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ အဲဒီလို မလုပ်ခဲ့ဘူး။ ကောင်းတာပဲ လုပ်လုပ်၊ မကောင်းတာပဲ လုပ်လုပ် ကိုယ်ပြုသည့်ကံ ကိုယ်ထံ ပြန်လာမှာပါပဲ”လို့ အမည်မဖော်လိုတဲ့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

Ref: Thrift Store Employee Finds $5,000 In A Shirt, Returns It To The Woman Who Lost It

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top