Quarantine Center ကနေ ထွက်ပြေးခဲ့တဲ့ ကင်ညာနိုင်ငံသား ၂ ယောက်ကို ဘားမှာထိုင်ပြီး အရက်သောက်နေတုန်း ပြန်လည်ဖမ်းမိ

intlyyl04.jpg

ကင်ညာနိုင်ငံမှာ Quarantine centre ( အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ)ကနေ ထွက်ပြေးသွားသူ ၂ယောက်ဟာ ဘားတစ်ခုမှာထိုင်ပြီး အရက်သောက်နေတုန်း ပြန်အဖမ်းခံခဲ့ရပါတယ်။ သူတို့ ၂ ယောက်ဟာ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမြို့မှာရှိတဲ့ Quarantine centre နံရံကို တွယ်တက်ပြီး ထွက်ပြေးသွားသူတွေထဲမှာ ပါဝင်သူတွေပါ။ သူတို့က ဓာတ်ခွဲစစ်ဆေးမှုမလုပ်ရသေးလို့ ထွက်ပြေးဖို့ ကြံစည်ခဲ့တာလို့ ဆိုပါတယ်။ Quarantine centre နံရံကို ကျော်တက်ပြီး ထွက်ပြေးခဲ့တာဟာ အများပြည်သူ ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ဗီဒီယိုမှတ်တမ်းရိုက်ကူးထားတဲ့အတွက် ထွက်ပြေးသွားသူအားလုံးကို ဖမ်းဆီးပြီး စင်တာမှာ ပြန်ထားသွားမယ်လို့ ကင်ညာနိုင်ငံ သမ္မတက ဆိုပါတယ်။ ” ခင်ဗျားတို့ ဘယ်သူတွေလဲဆိုတာ ကျွန်တော်တို့ သိတယ်။ ခင်ဗျားတို့ကို ရှာဖွေသွားမယ်”လို့ ကင်ယက်တာက ပြောပါတယ်။

အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွေဟာ သန့်ရှင်းမှုမရှိသလို ထောင်နဲ့ မခြားနားကြောင်း၊ လူအပြည့်အသိပ်ရှိနေလို့ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ မဖြစ်နိုင်ဘူးလို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရသူတွေက စောဒကတက်ခဲ့ပါတယ်။ ကင်ညာနိုင်ငံမှာ COVID-19 ‌ရောဂါပိုးရှိသူ ၂၈၉ ယောက်ရှိနေပြီး ၁၄ ယောက် သေဆုံးခဲ့ပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top