အိန္ဒိယနိုင်ငံရဲ့ ရွှေ့ပြောင်းလုပ်သား သန်း ၈၀ အတွက် နှစ်လစာ စားနပ်ရိက္ခာတွေ ဝေငှပေးမယ်

15-5-2020-yyl-001.jpg

COVID-19 ပိတ်ဆို့မှုတွေရဲ့ ရိုက်ခတ်မှုကို တွန်းလှန်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၆၆ ဘီလျံ တန်ကြေးရှိတဲ့ စီးပွားရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို နှစ်လတာအတွက် အစားအစာတွေ အခမဲ့ပေးဝေသွားမှာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သား သန်း ၈၀ အတွက် အမေရိကန်ဒေါ်လာ ၄၆၃ သန်း တန်ကြေးရှိတဲ့ ဆန်တွေ ဝေငှပေးမယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဆီသာရာမန်က ပြောပါတယ်။ မြို့ကြီးတွေမှာ အလုပ်လက်မဲ့ဖြစ်ခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား ထောင်သောင်းများစွာဟာ ကိုယ့်ရပ်ကိုယ်ရွာကို လမ်းလျှောက်ပြန်နေကြပါတယ်။

မြို့ကြီးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အဓိကကျောရိုးဖြစ်တဲ့ အဲဒီရွှေ့ပြောင်းလုပ်သားတွေဟာ ပိတ်ဆို့မှုကြောင့် အစာရေစာ ငတ်ပြတ်မှာ စိုးရိမ်ပူပန်နေကြပါတယ်။ ရက်တော်တော်ကြာအောင် အစာ မစားရ၊ ရေမသောက်ရဘဲ ကိုယ့်ရပ်ကိုယ်ရွာကို လမ်းလျှောက်ပြန်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအနေကို အိန္ဒိယနိုင်ငံတစ်ဝန်းက ဒေါသထွက်နေကြပါတယ်။ ပိတ်ဆို့မှုကြောင့် ရထားနဲ့ ဘတ်စ်ကား ပြေးဆွဲမှုတွေကို ရပ်နားခဲ့ပေမဲ့ ပြည်သူတွေ ဖိအားပေးလွန်းလို့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ကား၊ ရထားတွေကို ပြန်လည်ပြေးဆွဲပေးနေပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သားတော်တော်များများက လက်မှတ်ခ မတတ်နိုင်ကြပါဘူး။ တကယ်လို့ လက်မှတ်ခတတ်နိုင်ရင်လည်း လူတစ်ယောက်နဲ့ တစ်ယောက် ခပ်ဝေးဝေးနေခိုင်းတဲ့ စည်းမျဉ်းတွေကြောင့် ရထားစီးခွင့်၊ ကားစီးခွင့် ရပါမလားဆိုတာ မသေချာဘူးလို့ ဆိုကြပါတယ်။ မိုင်ရာချီ ကွာဝေးတဲ့ ကိုယ့်ရပ်ကိုယ်ရွာကို လမ်းလျှောက်ပြန်နေကြရင်း ရထားကြိတ်လို့၊ ကားကြိတ်လို့ သေဆုံးခဲ့တဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top