ပုံဆွဲပညာအစွမ်းကြောင့် စားသောက်ဆိုင်ကို အလှဆင်ပေးခဲ့ရတဲ့ (၉) နှစ်သားလေး

yyl-015-4.jpg

မိဘတွေက ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သတ်ပြီး မိမိတို့ရဲ့ကလေးတွေကို အမြဲတမ်းပံ့ပိုးပေးသင့်ပါတယ်။ (၉) နှစ်အရွယ်ကောင်လေး ဂျို ဝေးလ် (Joe Whale) ရဲ့မိဘတွေကတော့ စာသင်ခန်းထဲမှာ ဂျို ဝေးလ် ပုံတွေလျှောက်ခြစ်လို့အဆင်မပြေဖြစ်ခဲ့တာတောင် ဆက်ပြီးတော့ ပုံဆွဲဖို့ သူတို့ရဲ့သားကို အားပေးခဲ့ပါတယ်။ သူတို့က ဂျိုကို ကျောင်းဆင်းလာပြီဆိုရင် ပန်းချီအတန်းကိုတောင် ပို့ပေးခဲ့ပါသေးတယ်။ ဂျိုရဲ့အရည်အချင်းကို ကြားသိခဲ့တဲ့ စားသောက်ဆိုင်တစ်ခုက ဆိုင်ကို အလှဆင်ပေးဖို့အတွက် ဂျိုကို ဖိတ်ကြားခဲ့ပါတယ်။ အခုဆိုရင် ဂျိုဟာ The Doodle Boy အဖြစ် လူသိများနေပြီး လူမှုကွန်ယက်ပေ့ချ်တွေအပြင် ကိုယ်ပိုင်ဝက်ဆိုက်တ်လည်း ရှိနေပါပြီ။

ဂျိုက အသက် (၄) နှစ်ကတည်းက ပုံဆွဲရတာကို ကြိုက်နှစ်သက်ခဲ့တာပါ။ ပုံဆွဲဝါသနာပါလွန်းလို့ စာသင်ခန်းထဲမှာ ပုံတွေလျှောက်ခြစ်ရေးဆွဲခဲ့တာကြောင့် ဒုက္ခရောက်ခဲ့ရပါတယ်။ သူ့ရဲ့မှတ်စုစာအုပ်ဆိုရင် ပုံတွေရေးဆွဲထားတာအနှံ့ပါပဲ။ ပန်းချီသင်တန်းက ဆရာမတွေကတောင် သူ့ရဲ့ပန်းချီတွေကို နှစ်သက်သဘောကျလို့ အင်စတာဂရမ်မှာတောင် မျှဝေခဲ့ပါတယ်။

ဂျိုရဲ့ရေးဆွဲထားတဲ့ရုပ်ပုံတွေကို အင်္ဂလန်နိုင်ငံက “Number 4” စားသောက်ဆိုင်ရဲ့ ဝန်ထမ်းတစ်ယောက်က ချက်ချင်းပဲ သတိထားမိခဲ့ပြီး စားသောက်ဆိုင်ကို ဂျိုရဲ့ပုံဆွဲပညာနဲ့ အလှဆင်ပေးဖို့ အလုပ်အပ်ခဲ့ပါတယ်။ အခုဆိုရင် ဂျိုရဲ့အဖေက သူ့သား ပုံရေးဆွဲနိုင်ဖို့အတွက် စားသောက်ဆိုင်ကို သူကိုယ်တိုင်ကားမောင်းပို့ခဲ့တာပါ။ စားသောက်ဆိုင်ရဲ့နံရံကို ပုံဖော်ရေးဆွဲဖို့အတွက် ဂျိုက (၁၂) နာရီအချိန်ပေးခဲ့ရပါတယ်။ ဂျိုရဲ့ပုံဆွဲပညာက ငယ်ငယ်လေးနဲ့ အလုပ်ရအောင် လုပ်ပေးခဲ့တာပါပဲ။

ဂျိုရဲ့အဖေက “ဂျိုက ပုံတွေလျှောက်ခြစ်ပြီးရေးဆွဲရတာကို ကြိုက်ပါတယ်။ ကျွန်တော်တို့ရဲ့သားကို သူတို့ရဲ့ဆိုင်အတွက် အလှဆင်ပေးဖို့ တောင်းဆိုခဲ့တာ မယုံနိုင်လောက်အောင်ပါပဲ။ ကျွန်တော်တို့သားအတွက် အရမ်းဂုဏ်ယူမိပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဂျိုရဲ့အဖေက ကလေးတွေရဲ့အရည်အချင်းတွေကို တိုးတတ်စေချင်တဲ့ မိဘတွေကိုလည်း အကြံပြုခဲ့ပါသေးတယ်။ “ကလေးတွေရဲ့ဝါသနာ၊ အိပ်မက်တွေနောက်လိုက်ဖို့ မိဘတွေက ကလေးတွေကို ပံ့ပိုးပေးသင့်ပါတယ်” လို့ ဆိုပါတယ်။

Ref: 9-Year-Old Kid Who Kept Getting In Trouble For Doodling In Class Gets A Job Decorating A Restaurant With His Drawings

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top