VIVO V7 နဲ့ပတ်သတ်ပြီး အမေးများတဲ့ မေးခွန်းတွေ

3-e1560871629551.jpg

V7 ကိုဈေးကွက်ထဲတင်လိုက်ချိန်မှာ ဖုန်းဝယ်သူအတော်များများက V7 မှာဘာတွေပါလဲဆိုတာ စိတ်ဝင်တစားမေးမြန်းကြပါတယ်။

မေးခွန်းလေးတွေကပေါ့ပေါ့ပါးပါးဆိုပေမဲ့ ဖုန်းဝယ်ဖို့ စဉ်းစားနေတဲ့ သူတွေအတွက် အသုံးဝင်တာကြောင့် စုစည်းတင်ပြလိုက်ရပါတယ်။

၁။ V7 အရှေ့ကင်မရာရဲ့ လုပ်ဆောင်ချက်တွေကဘာတွေလဲ?

V7 အရှေ့ကင်မရာဟာ 24MP ဖြစ်ပြီး f2.0 ဖြစ်ပါတယ်။ Face beauty 7.0, Face beauty for video call စတဲ့ mode တွေလည်းပါဝင်ပါတယ်။ အနောက်ကင်မရာကတော့ 16MP ဖြစ်ပြီး f2.0 ဖြစ်ပါတယ်။ အနောက်ကင်မရာရဲ့ ထူးခြားချက်ကတော့ Portrait Mode ရိုက်ကူးနိုင်ခြင်းပါပဲ။

၂။ V7 ရဲ့ မျက်နှာပြင်အရွယ်အစားကိုသိချင်ပါတယ်?

V7ဟာမျက်နှာပြင်အရွယ်အစား 5.77 လက်မ ဖြစ်ပြီးကိုယ်ထည်ပေါ်ကမျက်နှာပြင်အချိုးက 83.6% ဖြစ်ပါတယ်။

၃။ V7 က SIM ကတ် နှစ်ကတ် သုံးလို့ရသလား?

ဟုတ်ကဲ့။ ရပါတယ်။ Nano SIM ကတ် နှစ်ကတ်သုံးလို့ရအောင် ထောက်ပံ့ပေးပါတယ်။ Dual Stand by ဖြစ်ပါတယ်။

၄။ V7 က 4G LTE ကိုထောက်ပံ့ပေးလား?

ဟုတ်ကဲ့။ V7 က 4G LTE ကိုထောက်ပံ့ပေးပါတယ်။ 2G GSM, 3G WCDMA တွေကိုလည်းထောက်ပံ့ပေးပါတယ်။

၅။ V7မှာ microSD ကတ် သုံးလို့ရလား?

ဟုတ်ကဲ့။ V7 မှာ microSD ကတ်သုံးလို့ရပါတယ်။ 256GB အထိတိုးမြှင့်နိုင်ပါတယ်။

၆။ V7 ရဲ့ Processor ပိုင်းကိုသိချင်ပါတယ်။

V7 မှာ 1.8GHz Qualcomm Snapdragon 450 Octa Core processor တပ်ဆင်ထားပါတယ်။ 4GB RAM, 32GB ROM ဖြစ်ပါတယ်။

၇။ V7 မှာ dual apps သုံးလို့ရသလား?

ဟုတ်ကဲ့။ V7မှာ App ပုံတူပွားစနစ် ပါဝင်တဲ့အတွက် သုံးလို့ရပါတယ်။

၈။ V7 မှာသုံးထားတဲ့ ဘက်ထရီကိုသိချင်ပါတယ်။

V7 မှာ 3000mAh (TYP) ဘက်ထရီအမျိုးအစားကိုသုံးထားပါတယ်။

၉။ V7နဲ့ FM radio ဖမ်းယူနားဆင်လို့ ရပါသလား?

ဟုတ်ကဲ့။ V7နဲ့ FM radio ဖမ်းယူနားဆင်လို့ ရပါတယ်။

၁၀။ V7မှာ power saver mode ပါဝင်ပါသလား?

ဟုတ်ကဲ့ ပါဝင်ပါတယ်။ normal mode, low power mode နဲ့ super power saving mode တွေ အသုံးပြုလို့ရပါတယ်။

၁၁။ V7ရဲ့ လုံခြုံရေးစနစ်မှာ face Access ပါဝင်ပါသလား?

V7ရဲ့ လုံခြုံရေးစနစ်မှာ Fingerprint အပြင် Face Access လည်းပါဝင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top