ဂြိုဟ်တု‌ကို‌ ‌နေရာ‌‌ရွှေ့ပြောင်း‌ပေးဖို‌ခေါင်းမာနေတဲ့Space X

yyl099002.jpg

ဥရောပအာကာသအေဂျင်စီ (European Space Agency) ရဲ့ Aeolus ဂြိုဟ်တုနဲ့ Space X ရဲ့ Starlink – 44 ဂြိုဟ်နာတို့ဟာ သူတိုရဲ့ ကမ္ဘာပတ်လမ်း‌‌ကြောင်းတစ်နေရာမှာ တိုက်မိကြဖို့အ‌ခြေအနေရှိတယ်လို့ အငြင်းပွား‌နေကြကာ အ‌ခြေအနေ‌တွေတင်းမာနေပါတယ်။

ESA ရဲ့ ကျွမ်းကျင်သူတွေဟာ ကမ္ဘာပတ်လမ်းကြောင်းနှစ်ခုဆုံမိတဲ့‌‌နေရာမှာ ဂြိုဟ်တုအချင်းချင်းတိုက်မိနိုင်ချေက ၁/၁၀၀၀ပုံ ရှိ‌နေ‌ကြောင်းတွက်ချက်ရရှိခဲ့ပြီး ဖြစ်နိုင်ချေအရနည်း‌ပါး‌တယ်ဆို‌ပေမဲ့လည်း ဖြစ်ဖို့အလားအလာကလည်းရှိနေတဲ့အတွက် Space X ကို ဂြိုဟ်တုတည်နေရာရွှေ့‌ပြောင်းဖို့ အသိပေး‌တောင်းဆိုခဲ့တာပါ။

“အသိ‌ပေးခဲ့‌ပေမဲ့ သူတို့မှာ အဲဒီလိုလုပ်ဖို့အစီအစဉ်မရှိဘူးလို့ပဲ အကြောင်းပြန်လာတယ်” လို့ ESA ရဲ့ အာကာသတွင်းအပျက်အစီးရှင်းရေးစီမံကိန်းခေါင်းဆောင် ဟိုလ်ဂျာ ကရက်ဂ် (Holger Krag)က ‌‌ပြောပါတယ်။

Space X ရဲ့ ဂြိုဟ်တုဟာ အလိုအလျောက်အတားအဆီး‌ရှောင်နိုင်တဲ့စနစ်မျိုးကို တပ်ဆင်ထားသင့်လျက်နဲ့ မတပ်ထားတဲ့အကြောင်းရင်းကိုတော့ ရေရေရာရာမသိရပါဘူး။

သတိပေးမှုကိုလျစ်လျူရှု‌နေတဲ့ Space X ရဲ့လုပ်ရပ်‌ကြောင့် ESA က Aeolus ဂြိုဟ်တုရဲ့ ယာဉ်တွန်းအင်ဂျင်တွေကို ဂြိုဟ်တုနှစ်လုံးမတိုက်မိနိုင်ခင် ပတ်လမ်းတစ်ဝက်‌လောက်မှာ ဖြုတ်ပစ်ခဲ့ရပါတယ်။ ESA အနေနဲ့ လာမယ့်ကာလတွေမှာ AI နည်းပညာသုံးအလိုအ‌လျောက်‌အတားအဆီး‌ရှောင်ရှားတဲ့စနစ်ကို အသုံးပြုသွားဖို့ရှိနေပေမဲ့ လက်ရှိအထိ‌တော့ အင်ဂျင်နီယာတွေကပဲ ကမ္ဘာ‌မြေပေါ်ကနေ ထိန်းချုပ်မောင်းနှင်‌ပေး‌နေကြတာဖြစ်ပါတယ်။

“မရွှေ့ပေးဘူး လို့ ‌ပြောတဲ့အတွက်ကို ကျွန်တော်တို့ဘာမှမစိုးရိမ်ပါဘူး” လို့ ဟိုလ်ဂျာက‌ဆိုပြီး “ကျွန်တော်တို့စိုးရိမ်‌နေတာက အနာဂတ်မှာဖြစ်လာနိုင်တဲ့ဖြစ်ရပ်တွေအတွက်ပါပဲ။ အခု ကိစ္စမှာကတော့ ဂြိုဟ်တု ၂ လုံးတည်းပါ။ တကယ်လို့ သူတိုစီစဉ်ထားသလိုသာ အလုံးပေါင်း (၁၂၀၀၀) ‌ထိလွှတ်တင်လိုက်မယ်ဆိုရင် ပတ်လမ်းကြောင်းတွေအများကြီးဖြစ်လာပြီး တိုက်မိလို့ပျက်စီးရတာတွေလည်း အဆမတန်များလာပါလိမ့်မယ်။ စည်းမျည်းတွေ၊ ဥပဒေတွေနဲ့ ဘယ်လိုကိုင်တွယ်‌ဖြေရှင်းပေးမလဲ ဆိုတာတွေက သူတို့မှာ အရင်ကမရှိခဲ့ဖူးလို့ အခုလည်း ‌မျှော်လင့်ထားလို့မရ‌နိုင်ပါဘူး” လို့လည်း ‌‌ဝေဖန်ခဲ့ပါတယ်။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top