“ကို” နဲ့ “အား” ရဲ့ အသုံးပြုပုံ

19.10.2019.jpg

ဒီတစ်ပတ်မှာတော့ မြန်မာစာ၊ မြန်မာစကား အသုံးပြုမှုဆိုင်ရာ ဗဟုသုတအနေနဲ့ “ကို” နဲ့  “အား” ရဲ့ အသုံးပြုပုံ အသီးသီးကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

အပြုခံရသူကို ဖော်ပြချင်ရင် “ကို” ကို သုံးပါတယ်။
ဥပမာ –  ဆရာမက သူ့ကို ရိုက်သည်။ ဘောပင်ကို ကိုင်ထားပါ။

လက်ခံရယူသူကို ဖော်ပြချင်ရင်တော့ “အား” ကို သုံးပါတယ်။
ဥပမာ – အလှူငွေ ကျပ် တစ်သောင်းတိတိကို ကျောင်းကောင်စီ အဖွဲ့အား လှူဒါန်း၏။
ပိုလျှံသော အစားအသောက်များကို ဆင်းရဲနွမ်းပါးသူများအား စွန့်ကြဲ ပေးကမ်းခြင်းဖြင့် ကုသိုလ်ယူပါ။

“ငလျင်ကြောကြီးအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်” လို့ သုံးနှုန်းမယ်ဆိုရင် ဒါဟာ “ကို” နဲ့ “အား” ကို မှားယွင်း အသုံးပြုထားတယ်လို့ ဆိုရမှာပါ။

မှားယွင်းရောထွေးတတ်တဲ့ မြန်မာစာအသုံးအနှုန်းတွေကို ရိုးရာလေးက ပုံမှန်တင်ဆက် မျှဝေပေးလျက်ရှိနေပါတယ်။ အရင် post တွေကို #LearningBurmese_yyl မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

ကိုးကား ။ ။ ပညာရေး ဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် “မြန်မာစာ မြန်မာစကား”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top