ဗိုက်က အဆီ ဘာလို့ မကျရတာလဲ

201609921b_large.jpg

ဗိုက်ခေါက်ထူလာလို့ ကိုယ်ကြိုက်တဲ့ အဝတ်အစားလေးတွေ မဝတ်နိုင်တော့တဲ့ အခါ စိတ်မသက်အသာ ဖြစ်ရသူတွေ အများကြီး ရှိပါတယ်။

လ့ကျင့်ခန်း၊ အစားအသောက်တွေနဲ့ အဆီကျဖို့ ကြိုးစားနေရင်တောင် ဗိုက်ကအဆီတွေ မကျသွားတာတွေ ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ ဗိုက်က အဆီဘာကြောင့် လွယ်လွယ်မကျရသလဲဆိုတဲ့ အကြောင်းရင်းတွေကို မျှဝေလိုက်ရပါတယ်။

၁) အရက် သောက်တာ –  အရက်ပုံမှန် သောက်သုံးတွေ ၊ ပမာဏများများ သောက်သုံးသူတွေဆိုရင် ဗိုက် အဆီကျဖို့ ခဲယဉ်းပါတယ်။

၂) အသက်ကြီးလာတာ – အသက်ကြီးလာတာနဲ့ အမျှ ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲလာပြီး ဗိုက်က အဆီကို လျှော့ချဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။

၃) လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်း မှားနေတာ – တိကျပြီး ထိရောက်တဲ့ လေ့ကျင့်ခန်းမျိုး မဟုတ်တာတွေ၊ လေ့ကျင့်ခန်းလုပ်ပါလျက်နဲ့ ပုံစံမမှန်ကန်တာတွေ ဖြစ်နေရင် ဗိုက်အဆီ ကျဖို့အတွက် ထိရောက်စေမှာ မဟုတ်ပါဘူး။ ထိရောက်တဲ့ အနေအထားထိ မလုပ်ဘဲ ပေါ့ပေါ့ပါးပါးဘဲ လုပ်နေရင်လည်း ထူးခြားလာမှာ မဟုတ်ပါဘူး။

၄) သဘာဝမဟုတ်တဲ့ အစားအသောက်တွေ စားတာ – သဘာဝအသီးအနှံတွေ၊ဟင်းသီးဟင်းရွက်တွေ မဟုတ်ဘဲ ကြော်ချက်ထားတဲ့ အာလူးကြော်တွေ ၊ ဘီစကစ်တွေ ၊ ပေါင်မုန့်အဖြူတွေ စားတာက ဗိုက်ကို အဆီတက်စေပါတယ်။

၅) ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီတွေစားတာ – အသားငါးတွေမှာ ပါတဲ့ အဆီတွေက လူကို ပို ဝ စေပါတယ်။ နေကြာဆီ၊သံလွင်ဆီ၊ငါးကြီးဆီတို့လို အဆီမျိုးတွေကတော့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၆) အိပ်ရေးမဝတာ – အိပ်ချိန် ငါးနာရီ ၊ဒါမှ မဟုတ် ငါးနာရီထက် ပိုနည်းတဲ့ သူတွေဆီမှာ ဗိုက် အဆီတက်ဖို့ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်

၇) ပန်းသီးပုံ ခန္ဓာကိုယ် ဖြစ်နေတာ – တကယ်လို့ သင့် တင်ပါးနဲ့ ပေါင်တွေမှာထက်  ဗိုက်နဲ့ ခါးမှာ အသားတွေ အဆီတွေ ပိုထူနေတာဟာ ဟိုးငယ်ငယ်ကတည်းက ဆိုရင် ပန်းသီးပုံ ခန္ဓာကိုယ်လို့ ခေါ်ပါတယ်။ ဒီလိုလူတွေက ဗိုက်အဆီကျဖို့ ပိုခက်ခဲပါတယ်။ ဒါပေမယ့် အဆီကျဖို့ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူးတဲ့။

၈) နေမကောင်းဖြစ်တာ – တက်စတို စတီရုန်း လို့ ခေါ်တဲ့ ဟော်မုန်းတွေ မြင့်တက်နေမယ်ဆိုရင် အဆီတွေ စုလာနိုင်ချေပိုများတယ်လို့ သိရပါတယ်။  အပေါ်မှာ ပြောခဲ့သလို ပန်းသီးပုံခန္ဓာကိုယ် ဖြစ်နေပြီး ကိုယ်အလေးချိန်လည်းများနေမယ်ဆိုရင် ဆီးချိုရောဂါဖြစ်လာနိုင်မယ့် အနေအထားဖြစ်လို့ သတိထားသင့်ပါတယ်။

၉) စိတ်အားထက်သန်မှု မရှိတာ – တကယ်ဝိတ်ကျအောင် ပြင်ဆင်ကြိုးစားမယ်လို့ စိတ်အားထက်သန်မှု မရှိရင် လေ့ကျင့်ခန်းတွေ၊ အစားအသောက် လျှော့တာတွေနဲ့ ကြိုးစားလည်း ခဏပဲ ဖြစ်ပြီး စိတ်လျှော့ထားတာနဲ့ အဆုံးသတ်သွားမှာပါ။ ဒီအတိုင်းဆို ဗိုက်အဆီတကယ်ကျနိုင်ဖို့အရေး ဝေး နေဦးမှာပဲ ဖြစ်ပါတယ်။

Ref: TIME Magazine

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top